Chapter 101
လီနန်ရှန့် သည် လင်းကျင်းရှု ၏ အခန်းဆီသို့ ပြေးသွားလိုက်ရာ သူမ၏ အခန်းတံခါးကို အတွင်းမှ သော့ခတ်ထားသဖြင့် ဖွင့်မရသဖြင့် အခန်းထဲတွင် လူ ရှိနေပေလိမ့်မည်။
လီနန်ရှန့် က တံခါးကို သုံးကြိမ်ဆက်တိုက် ခေါက်လိုက်သည်။
"ဘယ်သူလဲ..."
လင်းကျင်းရှု ၏ အသံကို အခန်းတွင်းမှ ကြားလိုက်ရသည်။
"ငါပဲ လီနန်ရှန့်..."
လီနန်ရှန့် ၏အသံကိုကြားသောအခါ လင်းကျင်းရှု အံ့အားသင့်သွားရသည်။
လီနန်ရှန့်..ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ....သူဘာမှ မဖြစ်ဘူးဆိုရင် ဟန်ခိုင် နဲ့ ယန်ဟန် ရော ဘာမှ မဖြစ်ကြဘူးလား...သူတို့ အမြဲတမ်း ဘယ်လိုလုပ် အသက်ပဲ ရှင်နေရတာလဲ ...
လျန့်ချောင် သည် ဟန်ခိုင် နှင့် အခြားသူများကို ကိုင်တွယ်နိုင်လောက်အောင် ရက်စက်သည်ဟု သူမထင်ခဲ့မိသည်။ အခန်းထဲမှ ဘာသံမှ ထပ်မကြားရတော့သဖြင့် လီနန်ရှန့် က တံခါးကို သုံးကြိမ် ထုရိုက်လိုက်သည်။
" မထုနဲ့.. တံခါးပျက်သွားလိမ့်မယ်...."
လင်းကျင်းရှု က တံခါးကို ဖွင့်လိုက်ပြီး လီနန်ရှင်းကို တည့်တည့်ပင် စိုက်ကြည့်လိုက်သည်။
လီနန်ရှန့် သည် လင်းကျင်းရှု မှာ သူမျှော်လင့်ထားသည့်အတိုင်း အံ့သြထိတ်လန့်မသွားသော်လည်း သူ့စိတ်ထဲတွင် အနည်းငယ် စိတ်ပျက်သွားရသည်။ သူက လင်းကျင်းရှု လက်ကိုဆွဲလိုက်ပြီး ဟန်ခိုင် ၏ အခန်းဆီသို့ ခေါ်သွားလိုက်သည်။ လီနန်ရှန့် မှာ အားသန်လွန်းသောကြောင့် လင်းကျင်းရှု မှာ ရုန်းမရနိုင်အောင် ဖြစ်နေသည်။
"ရှင်ဘာလုပ်တာလဲ...ရှင် အရမ်းဆွဲနေတာ ဒီမှာ နာနေပြီ..."
လီနန်ရှန့် က သူမကို စူးရဲစွာ စိုက်ကြည့်ရင်း ပြောလိုက်သည်။
"မင်းလုပ်ခဲ့တာတွေကို ရှင်းပြမှာ မဟုတ်ဘူးလား..."
"ကျွန်မ ဘာလုပ်လို့လဲ..."
"ငါ မင်းနဲ့ မပြောချင်သေးဘူး... ဟန်ခိုင် ရဲ့ အခန်းရောက်မှ ရှင်းပြလိုက်..."