ဇွန်ဘီမလေးယန်ဟန်

290 32 0
                                    

Chapter 13

လီရှင်းယု စတင်ခဲ့သည့် ဇွန်ဘီဖြစ်စဉ်များသည် မေလ ၁၇ ရက္က ဖြစ်ပွားခဲ့သောကြောင့် လက်နက်ကိုင်တပ်ဖွဲ့များက ဤအဖြစ်အပျက်ကို "၅.၁၇ ဖြစ်ရပ်" ဟုခေါ်ဆိုကြသည်။

"၅.၁၇ ဖြစ်ရပ်" ပြီးနောက် လက်နက်ကိုင် တပ်ဖွဲ့ဌာန၏ ဝန်ကြီး ရှုကျုံးဟမ် သည် ကျွန်းပေါ်တွင် နေ့ရောညပါ ကင်းလှည့်ရန် အဖွဲ့များ ဖွဲ့စည်းခဲ့သည်။ ထို့ကြောင့် ကျွန်းတစ်ခုလုံးသည် စစ်အုပ်ချုပ်ရေး အောက်တွင်ရှိနေပြီး 'ညမထွက်ရ' အမိန့်ကိုလည်း ချမှတ်ထားသည်။

နောက်လဝက်အထိ၊ အဖွဲ့ဝင်များသည် ဇြန္ဘီမ်ားစြာကို တစ်ကောင်ပြီးတစ်ကောင် သတ်ခဲ့ကြသည်။ အမှန်စင်စစ်ဇွန်ဘီများသည် ကူးစက်ရောဂါနှင့် တူပြီး အမြစ်ပြတ် မသုတ်သင်နိုင်သရွေ့ ရောဂါဆက်လက် ပြန့်ပွားနေဦးမည် ဖြစ်သည်။

လီနန်ရှန့် သည် တာဝန်ချိန်အတွင်း နေ့ရောညပါ အျမဲ မတ်တပ်ရပ်နေရသဖြင့် တစ္ကိုယ္လုံး ညောင်းညာကိုက်ခဲနေကာ မျက်လုံးများမှာလည်း ကျိန်းစပ်နေတော့သည်။

ထို့အပြင် အဖွဲ့သားများမှာလည်း ကျန်းမာရေးအားနည်းနေ၍ လီနန်ရှန့် က အဖွဲ့ခေါင်းဆောင် ကျိုးကျစ်ဟန် နှင့် တိုင်ပင်၍ အဖွဲ့သားတိုင်း ခေတ္တအနားယူခွင့်ကို စာတင်၍ တောင်းဆိုထားပြီး ဖြစ်သည်။

လီနန်ရှန့် သည် နံရံထောင့်သို့ ပြေးသွားကာ စီးကရက် တစ္လိပ္ကို မီးညှိပြီး ခန္ဓာကိုယ်၏ ပင်ပန်းနွမ်းနယ်မှုကို မီးခိုးငွေ့များနှင့်အတူ မှုတ်ထုတ်လိုက်သည်။

သြော်.. အခုချိန်မှာတော့ ဆေးလိပ်က ရှားပါးနေပါပေါ့လား....

တစ်ချိန်က ပျော်ရွှင်စရာကောင်းသော အတိတ္ကို ပြန်ပြောင်း အောက်မေ့နေစဉ် ကျိုးကျစ်ဟန် ရောက်လာ၏။

လီနန်ရှန့် က စီးကရက္တစ္လိပ္ကို အမြန် ထုတ်ပေးလိုက်သည်။

"အစ္ကို... တစ်လိပ် ကျန်သေးတယ်..."

ကျိုးကျစ်ဟန် က ပြုံးပြီး မီးညှိလိုက်သည်။

"ပြီးခဲ့တဲ့ တစ်လခွဲလောက်က ငါ ဆေးလိပ်ဖြတ်လိုက်တယ်...ကျွန်းပေါ်မှာ ဆေးလိပ်မှ မရွိတာ... အခု ဆေးလိပ်ဖြတ် ထားပေမယ့် အနံ့ရလိုက်တာနဲ့ မနေနိုင်တော့ဘူး...ဟဲဟဲ.."

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now