ဇွန်ဘီမလေးယန်ဟန်

173 21 0
                                    

Chapter 58

ဟန်ခိုင် သည် ယနေ့ အမှန်တစ်ကယ် ပင်ပန်းနေသော်လည်း ဓာတ်ခွဲခန်းသို့ သွားမည်ဟု ဆုံးဖြတ်ထားလေ သည်။ ကျီဟုန်ယီ က သူ၏ ဓာတ်ခွဲခန်းသို့ ကျိန်းသေ ရောက်လာမည် ဖြစ်၍ပင်

ဟန်ခိုင် ဓာတ်ခွဲခန်းငယ်လေးတွင် ထိုင်နေရင်း သူ့ခန္ဓာကိုယ်က အလွန်ပင် အားနည်းနေကြောင်း ခံစားရလေသည်။ သူ၏ ခန္ဓာကိုယ်က R ဗိုင်းရပ်စ်ကို ခုခံနိုင်သော်လည်း ကျီကျောက်ယန် ထိုးသွင်းခဲ့သည့် R ဗိုင်းရပ်စ် မွာ အလွန်သန့်စင်ထားသည့် အမျိုးအစားဖြစ်၍ အတော်ပင် အားပြင်းလေသည်။

သူ ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး ယခင်နေ့ကတည်းက ဖတ်မပြီးသေးသော စမ်းသပ်မှတ်စုစာအုပ်ကို ကိုင်ထားသည်။ စာရွက်ပေါ်ရှိ စကားလုံးများသည် အသက်ဝင်နေပုံရပြီး အဆက်မပြတ်တုန်ခါနေကာ သူ့ကို ပို၍ပင် မူးဝေစေသည်။ထို့နောက် စားပွဲပေါ်တွင် အချိန်အတော်ကြာအောင် မှောက်အိပ်နေပြီးနောက် သူ့အခြေအနေက ပို၍ပင် ဆိုးလာလေသည်။

ထို့ကြောင် ဟန်ခိုင် က ဘေးရှိဓာတ်ခွဲခန်းကိုသွား၍ ကျန့်စစ်ချီ ကို ပြောပြီး အနားယူရန် အိမ်ပြန်လာခဲ့လေသည်။ ယနေ့မနက်တွင် ကျီဟုန်ယီ က ပထမအကြိမ် ဓာတ်ခွဲခန်းထဲသို့ လာပြီးဖြစ်သောကြောင့် ဒုတိယအကြိမ် လာမည်မဟုတ်တော့ပေ။

ဟန်ခိုင် သည် အိမ်ပြန်ရောက်သောအခါ လသာဆောင်တွင် ယန်ဟန်ကို မတွေ့ရပေ။

ယနေ့မနက် သူ အိပ်ရာနိုးလာသောအခါ ယန်ဟန် သူ့အခန်းရှိ ကြမ်းပြင်ပေါ်တွင် အိပ်စက်နေသည်ကို တွေ့လိုက်ရသည်။ ယန်ဟန် သည် ကြမ်းပြင်ပေါ်တွင် မလှုပ်မယှက် လှဲလျောင်းနေကာ အိပ်ပျော်နေသကဲ့သို့ မ်က္လုံးမ်ားကို တင်းတင်းမှိတ်ထားသည်။ ဟန်ခိုင် က သူမကို တွန်းကြည့်လိုက်သော်လည်း သူမက လုံးဝ မလှုပ်ပေ။ ဟန်ခိုင် သည် ယန်ဟန်ကို အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက် အချိန်ကို ကြည့်လိုက်သည်။

ခြောက်နာရီကျော်နေပြီ...

'ယန်ဟန်ရဲ့ အိပ်ချိန်က မနက် ၁ နာရီ ကေန မနက် ၄ နာရီ အထိ မဟုတ္ဘူးလား...'

ဟန်ခိုင် သည် အိပ်ခန်းတံခါးကို တွန်းဖွင့်၍ ဝင်လိုက်သောအခါ ယန်ဟန်သည် မနက်ခင်းက ပုံစံအတိုင်း မလှုပ်မယှက် အိပ်ပျော်နေသေးသည်ကို တွေ့လိုက်ရသည်။ ယန်ဟန်၏ အဝတ်အစားများမှ ကြမ်းပြင်ပေါ်တွင် ရေကွက်တစ်ခု စိမ့်ထွက်နေသေးသည်။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now