ဇွန်ဘီမလေးယန်ဟန်

163 15 0
                                    

Chapter 52

ပတ်ဝန်းကျင် တစ္ခုလုံး တိတ်ဆိတ်နေကြပြီး တိုင်ကပ်နာရီမှ ချောက်ချက်သံနှင့် ဟန်ခိုင် ၏ အသက်ရှုသံများသာ ကြီးစိုးနေကြလေသည်။ ကျီဟုန်ယီ က မနက်တစ်နာရီခန့်တွင် အခန်းထဲမှ ထွက်သွားလေသည်။

ထိုင်ခုံမှာထိုင်နေရင်း ဟန်ခိုင် က သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့နေသည့် ဗိုင်းရပ်စ်ကို ရှင်းရှင်း လင်းလင်း ခံစားမိလေသည်။ လွန်ခဲ့သည့် သုံးနှစ်ခန့်က ဤထူးဆန်းသည့် ခံစားခ်က္ကို အလားတူ ခံစားခဲ့ဖူးလေသည်။ ထို့နောက် တစ္ကိုယ္လုံး ပူလောင်လာပြီးလည်ချောင်းများ ယားယံလာကာ ချောင်းတဟွတ်ဟွတ်ဖြင့် နဖူးမွ ချေွးသီးချေွးပေါက်များ ထွက်လာလေတော့သည်။သူသည် မျက်လုံးများဖွင့်ထားသော်လည်း သူ့စိတ်အစဉ်တို့သည် အထိန်းအကွပ်မရှိ ရှုပ်ထွေးလာကြသည်။ ဟိုးယခင်က မေတြးဝံ့စရာ အဖြစ်အပျက်များသည် သူ့စိတ်ထဲတွင် အစီအရီပေါ်လာကြလေသည်။

ဇူလိုင်လ ၁၄၊ ၂၀၂၂ တွင် ဟန်ခိုင် သည် အလုပ္မ်ား ပြီးသွားပြီဖြစ်၍ ရှန်ရှန် စိတ်ပြေအောင် ချော့မော့ရမည့် အချိန် ဖြစ်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က သူတို့နှစ်ဦး၏ ချစ်သက်တမ်း ခုနစ်နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်ခဲ့သော်လည်း အလုပ်များနေသဖြင့် သူမမှတ်မိခဲ့ပေ။

ယခု အလုပ်အားခါမှ နှစ်ပတ်လည်နေ့ကို ဟန်ခိုင် ရုတ်တရက် သတိရသွားသည်။ ရှန်ရှန် သည် သူ့ကို စိတ်ဆိုးနေသဖြင့် အားလပ်ရက်တွင် သူမအတွက် အထူးပွဲလေးတစ်ခုကို သူ့၏အိမ်၌ ပြင်ဆင်ခဲ့သည်။

ဟန်ခိုင် နာရီကို ထပ်ခါထပ်ခါ ကြည့်လိုက်သည်။ ညေန ၆နာရီ ၁၁ မိနစ် ရှိပြီ ဖြစ်၍ ရှန်ရှန် အလုပ်မှ ဆင်းပြီး မြေအောက်ရထား ဘူတာရုံတွင် ရထားစောင့်နေပေလိမ့်မည်။ထို့နောက် သူက ဧည့်ခန်း စားပွဲပေါ်တွင် ဂရုတစိုက် စီစဉ်ထားသော ဖယောင်းတိုင်မီးများဖြင့် အလှဆင်ထားသည့် ညစာ,စားပြဲကို ပြုံးကြည့်လိုက်သည်။

ဟန်ခိုင် သည် ဧည့်ခန်းထဲတွင် ကဏှာမငြိမ်စွာ လမ်းလျှောက်နေရင်း သူ၏ လက်ထပ်ခွင့်တောင်းမည့် အစီအစဉ်သည် ပြီးပြည့်စုံခြင်းမရှိ ဟု ရုတ်တရက် ခံစားလိုက်ရသည်။ သူက စိန္လက္စြပ္ဘူးကို အမြန်ဖွင့်လိုက်ပြီး မှန်ရှေ့တွင် လေ့ကျင့်နေလေသည်။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now