ဇွန်ဘီမလေး ယန်ဟန်

145 16 0
                                    

Chapter 73

"ငါ မင်းကို ဟန်ခိုင် ဆီ ခေါ်သွားပေးမယ်...သူ မင်းကိုတွေ့ရင် အရမ်းပျော်သွားမှာ...အခုတစ်လော  သူအရမ်း စိတ်မကောင်းဖြစ်နေတာ..."

ထို့နောက် လီနန်ရှန့် သည် ယန်ဟန်ကို ဟန်ခိုင် ၏အခန်းသို့ ခေါ်သွားပေးသည်။

လီနန်ရှန့် တံခါးကိုဖွင့်လိုက်သောအခါ လင်းကျင်းရှု သည် ပြတင်းပေါက်နားတွင်ရပ်နေပြီး ဟန်ခိုင်အား တပြုံးပြုံး စကားဆိုနေလေသည်။ လီနန်ရှန့် မှာ ဝမ်းသာအားရ ဖြစ်နေ၍ တံခါးခေါက်ရန် မေ့သွားသဖြင့်  တံခါးကို တွန်းဖွင့်ကာ အထဲကို ဝင်သွားခြင်း ဖြစ်သည်။

သူ တံခါးဖွင့်လိုက်သောအခါ ဟန်ခိုင့် ဘေးနားရှိ လင်းကျင်းရှု က မျက်မှောင်ကြုတ်၍ သူ့ကိုကြည့်နေသည်ကို သတိမထားမိလိုက်ပေ။

"အားခိုင်...ဒီမှာ မင်းကိုတွေ့ဖို့ လာတာ ဘယ်သူလဲဆိုတာ မှန်းကြည့်စမ်း..."

ဟန်ခိုင် သည် လီနန်ရှန့် ဘေးရှိ ယန်ဟန်ကို ကြည့်ကာ ဝမ်းသာသွားရပြီး စကားပင် မပြောနိုင်သေးဘဲ ယန်ဟန်ထံလျှောက်သွားကာ သူမ ပြောင်းလဲသွားပုံကို အထပ်ထပ်အခါခါ ကြည့်နေမိသည်။

ယန်ဟန်သည် ဟန်ခိုင် ကို တွေ့လိုက်ရသောအခါ ရှက်သွားရပြီး မျက်နှာကို ဟိုဘက် လှည့်လိုက်သည်။

ပြတင်းပေါက်မှာ ရပ်နေသော လင်းကျင်းရှု သည် ရေစိုရွှဲနေပြီး ဖြူဖပ်ဖြူရော် ဖြစ်နေသော မိန်းကလေးကို ကြည့်လိုက်သည်။ သူမက ရေစိုစိုဖြင့် နေမကောင်းဖြစ်နေသော အမျိုးသမီး တစ်ယောက်ပဲ ဟု မနှစ်မြို့ဖွယ် တွေးလိုက်မိသည်။

သို့သော် လီနန်ရှန့် ကဟန်ခိုင် နှင့် သူမတို့ စကားပြောနေသည်ကို အနှောင့်အယှက်ပေး လိုက်သောကြောင့် အလိုမကျဖြစ်ရ‌၏။

ယန်ဟန်မှာ ထူးခြားစွာ ပြောင်းလဲနေပြိီး အခန်းထဲတွင် လင်းကျင်းရှု ပါရှိနေသဖြင့် ဟန်ခိုင် စကားတစ်ခွန်းမျှ မဆိုနိုင်ဘဲ ရှိလေသည်။ ထို့ကြောင့် သူက လီနန်ရှန့် ကို မျက်စပစ်ပြလိုက်ရာ လီနန်ရှန့် က ချက်ချင်းနားလည်သဘောပေါက်ပြီး ပြုံးကာ လင်းကျင်းရှုကို ဟန်ခိုင် ၏အခန်းထဲမှ ဆွဲခေါ်လိုက်သည်။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now