ဇွန်ဘီမလေးယန်ဟန်

230 29 0
                                    

Chapter 22

ကျီကျောက်ယန် သည် စမ်းသပ်မှု ဘာသာရပ္မ်ားကို သေဘာက်စြာ ကြည့်နေလေ၏။

ထိုအချိန်တွင် ဟန်ခိုင် ရုံးခန်းထဲသို့ ဝင်လာရာ ကျီကျောက်ယန်၏ လက်ထဲတွင် စမ်းသပ်ဘာသာရပ်များအား ကိုင်ထားသည်ကို တွေ့လိုက်သောအခါ ဖိုင်တွဲများကို လုယူကာ ဒေါသတကြီးပြောလိုက်သည်။

"ဒါ ဘာလုပ္တာလဲ..."

ကျီကျောက်ယန်က ဟန်ခိုင်လက်ထဲမှ စမ်းသပ်မှတ်တမ်းအား စိုက်ကြည့်ရင်း သဘောကျစွာပြုံးလိုက်သည်။

"အိုး... ငါက မင်းကို စကားပြောဖို့လာခဲ့တာ...ဒါပေမယ့် မင်းက ဓာတ်ခွဲခန်းထဲမှာ မရွိဘူး...အဲ့ဒါနဲ့ မင်းကိုစောင့်ဖို့ ရုံးခန်းထဲ ဝင်လာတာ..."

ဟန်ခိုင် က သူတေသန စာရွက်စာတမ်းကို အံဆြဲထဲသို့ ပြန်ထည့်လိုက်သည်။

"ပရော်ဖက်ဆာ ကျီ...ခင်ဗျားရဲ့မိဘတွေက ခွင့်ပြုချက်မရှိဘဲ သူတစ်ပါးရဲ့ပစ္စည်းတွေကို မကိုင်ရဘူးလို့ မသင်ပေးထားဘူးလား..."

"ဆောရီး..စားပွဲပေါ်မှာ တင်ထားတော့ ဒီတိုင်း သိချင်စိတ်ဖြစ်မိရုံပါ.... ".

"ကျွန်တော့် ခွင့်ပြုချက်မရှိဘဲ ကျွန်တော့် ပစ္စည်းတွေကို ကြည့်ရုံတင်မကဘူး...မျက်နှာပြောင်ပါ တိုက်နေပါရောလား... ကိုယ့်စ္စည်းကိုယ် ဘယ်မှာထားတယ်ဆိုတာ သိတာပေါ့... ဒီမှတ်တမ်းကို စားပွဲပေါ် မတင်ထားဘူး..ကျွန်တော် စမ်းသပ်မှု တစ်ခုလုပ်ရမယ်...ခင်ဗျားနဲ့ပြောဖို့ အချိန်မရှိဘူး...."

ကျီကျောက်ယန် က ပြုံးပြီး ပြောလိုက်သည်။

" စမ်းသပ်မှုဘာသာရပ် ၄၁၃-၁ နဲ့ ၄၁၃-၂ က ဘယ်သူ့ဟာတွေလဲ..."

ဟန်ခိုင် သည် ကျီကျောက်ယန်ကို ဒေါသတကြီး ကြည့်လိုက်သည်။သူ၏ ပေါ့ဆမှုကြောင့် အံဆွဲများနှင့် ရုံးခန်းကို သော့ခတ်ရန် မေ့သွားခဲ့ပြီးအီလက်ထရွန် အဏုကြည့် ဓာတ်ခွဲခန်းတွင် R ဗိုင်းရပ်စ်ကို လေ့လာနေခဲ့သည်။

ဓာတ်ခွဲခန်းမှ အပြန်တွင် ကျီကျောက်ယန် က သူ့ကို လိုက်ရှာနေကြောင်းကို ကျန့်စစ်ချီက ပြောသဖြင့် အမြန်ပြေးလာခဲ့သည်။သူတံခါးဖွင့်လိုက်သည်နှင့် ကျီကျောက်ယန် က စမ်းသပ်မှု မှတ်တမ်းများကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now