Chapter 94
ဟန်ခိုင် နှင့် လီနန်ရှန့် သည် ဓာတ်ခွဲခန်းသို့ ရောက်လာသော်လည်း ဓာတ်ခွဲခန်းထဲတွင် မည်သူမှ မရှိပေ။
"ဇွန်ဘီတွေကို အတူတူဖမ်းဖို့ ပြောနေတာ မဟုတ်ဘူးလား....ယန်ဟန် ကို ဘာလို့ မတွေ့ရတာလဲ..."
လီနန်ရှန့် က ထိုင်စရာနေရာရှာပြီး ပြောလိုက်သည်။ ဟန်ခိုင် လည်း အံ့အားသင့်သွားရသည်။
"ယန်ဟန်က ၀၈၉ ကြွက်ရဲ့ အခြေအနေကို သွားကြည့်ချင်တယ်လို့ ပြောတယ်...အခု ဘာလို့ သူမကို မတွေ့ရတာပါလိမ့်..."
လီနန်ရှန့် သည် ကြွက်နံပါတ် ၀၈၉ ဟု ကြားသောအခါ စိတ်လှုပ်ရှားစွာဖြင့် စိတ်ဝင်တစား ပြောလာသည်။
"ယန်ဟန် က ဇွန်ဘီဗိုင်းရပ်စ်ကို ကုသဖို့ ကာကွယ်ဆေးကို ရှာတွေ့ခဲ့တာလား... အဲဒီကြွက်က ဘယ်မှာလဲ... ကြည့်ချင်လိုက်တာ..."
ဟန်ခိုင် က လီနန်ရှန့် က စူးစမ်းလိုစိတ်အပြည့် ဖြစ်နေသည်ကို မြင်လိုက်ရ၍ 089 ကြွက်၏အခြေအနေကိုကြည့်ရန် သူ့ကို အခြားဓာတ်ခွဲခန်းတစ်ခုသို့ ခေါ်သွားသည်။ လီနန်ရှန့် သည် ဟန်ခိုင် နောက်မှ လိုက်ကာ မြို့ထဲသို့ဝင်လာသော တောသားလေးတစ်ယောက်ကဲ့သို့ လိုက်သွားတော့သည်။
ဟန်ခိုင် သည် တံခါးဘေးရှိ မီးကိုဖွင့်လိုက်ရာ နံရံနှင့်ကပ်လျက်တွင် အနက်ရောင် ပိတ်စများတစ်ခုရှိနေကြောင်း လီနန်ရှန့် တွေ့လိုက်ရသည်။ ဟန်ခိုင် သည် အနက်ရောင်ပိတ်စကို ရုတ်လိုက်ရာ လီနန်ရှန့် သည် အနက်ရောင်ပိတ်စမှာ သံလှောင်အိမ်ငယ်များကို ဖုံးအုပ်ထားခြင်း ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သံလှောင်အိမ်ငယ်များတွင် ကြွက်ဖြူများဖြင့် ပြည့်နေလေသည်။ ကြွက်ဖြူအချို့မှာ သေဆုံးနေပြီး အချို့မှာ ဖုတ်ကောင် ကြွက်များအဖြစ်သို့ ပြောင်းလဲသွားကာ လူကို မြင်လိုက်သောအခါ ရန်လိုစွာနှင့် လှောင်အိမ်ကို ကိုယ်လုံးနှင့် ပစ်ဆောင့်နေတော့သည်။
“ဒါက နံပါတ် ၀၈၉ ကြွက်ပဲ...အစတုန်းက ဒီကြွက်လောက် ရန်လိုတတ်တယ်...”
ဟန်ခိုင် က ပြောလိုက်လေ၏။
"ဒါဆို အစ်ကို တစ်ကယ် ကာကွယ်ဆေးကို တီထွင်နိုင် တော့မှာပဲ.."