ဇွန်ဘီမလေး ယန်ဟန်

131 6 0
                                    

Chapter 103

ရှုကျုံးဟမ် အမိန့်ပေးပြီးနောက်၊ ကျန့်ဟိုင် သည် သေနတ်များနှင့် ခဲယမ်းမီးကျောက်များကို စတင်ဖြန့်ဝေလိုက်သည်။ စစ်ဆင်ရေးအတွက် တိကျသော အစီအစဉ်မရှိဟု ဆိုသော်လည်း အခြေခံစစ်ဆင်‌ရေး ပုံစံ တစ်ခုရှိသေးသည်။ ကျန့်ဟိုင် စီမံခန့်ခွဲပြီးနောက် အဖွဲ့သားများက စတင်အလုပ်လုပ်ကြသည်။

ဇွန်ဘီဘုရင် ကြောင့် နေရာတိုင်းတွင် ထိတ်လန့်တုန်လှုပ်ဖွယ် သွေးများ၊ ခန္ဓာကိုယ်အပိုင်းအစများ ပြန့်ကျဲနေကာ ယခုလည်း လက်ကျိုးနေသည့် လူတစ်ဦးကို မြေပြင်ပေါ်တွင် စားသောက်နေသည်။ ဇွန်ဘီဘုရင် သည် ဟင်းလင်းပြင်တွင် ရှိနေသည့်အတွက် သူတို့ အသာစီးရသွားလေသည်။ ပထမအချက်မှာ အဖွဲ့ဝင်များသည် ဇွန်ဘီဘုရင် နှင့် အဝေးတွင် နေ၍ ပစ်ခတ်နိုင်သည်။ ဒုတိယအချက်မှာ ပစ်မှတ်ကို ချိန်ရွယ်ပြီး ပစ်ခတ်ရန်လည်းအဆင်ပြေသည်။ လီနန်ရှန့် သည် ဇွန်ဘီဘုရင်ကို ငုံ့ကြည့်လိုက်ရာ ကျီကျောက်ယန် နှင့် ခပ်ဆင်ဆင်တူသည်ဟု ထင်မိသွားသည် သူ့ခန္ဓာကိုယ်သည် သာမန်ဇွန်ဘီများထက် များစွာကြီးမားသော်လည်း စွမ်းအားနှင့် အရှိန်က ကျီကျောက်ယန် နှင့် တူ၊မတူကို သူမသိပေ။

စစ်ဆင်ရေးအဖွဲ့၏ ပထမအဖွဲ့သည် ဇွန်ဘီဘုရင် ၏ ဦးခေါင်းကို ဦးစွာ ချိန်ရွယ်လိုက်ပြီး ပစ်ခတ်လိုက်ကြသော်လည်း ဇွန်ဘီဘုရင်က လက်ဖြင့်ကာထားလိုက်၍ ကျည်ဆန်များသည် လက်နှစ်ဖက်ကိုသာ ထိမှန်သွားသည်ကို တွေ့လိုက်ရသဖြင့် လူတိုင်း အံ့အားသင့်သွားကြသည်။ သူတို့ ဦးခေါင်းကို တစ်ချက်ထိလိုက်သော်လည်း တစ်ချက်တည်းဖြင့် ဖြုံဟန်မတူပေ။

ပထမအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးသည် သူ့ရှေ့က မြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားပြီး ရေရွတ်လိုက်သည်။

"ဒီဇွန်ဘီဘုရင်က လက်မောင်းနဲ့ ကျည်ဆံတွေကို ကာထားတယ်... သူ့လက်ကက မာလှချည်လား..  ကျည်တောင်မပေါက်ဘူး..."

ဤဇွန်ဘီဘုရင်သည် အမှန်ပင် ဉာဏ်ရှိသည်ဟု လီနန်ရှန့် တိတ်တဆိတ် ကောက်ချက် ချလိုက်သည်။

ပထမအဖွဲ့သည် မတိုက်နိုင်သဖြင့် ချက်ချင်းဆိုသလို ဒုတိယအဖွဲ့ကို  အစားထိုးလိုက်သည်။ ဒုတိယအဖွဲ့သည် ဖောက်ခွဲရေးပစ္စည်းများကို သယ်ဆောင်လာခြင်း ဖြစ်သည်။ ကျန့်ဟိုင် က ပထမအဖွဲ့ကို ဖောက်ခွဲပစ္စည်းများ မပေးလိိုက်ရခြင်းမှာ တစ်ခါတည်းကုန်သွားမည် စိုး၍ဖြစ်သည်။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now