ဇွန်ဘီမလေး ယန်ဟန်

116 10 0
                                    

Chapter 98

လျန့်ချောင် သည် လင်းကျင်းရှု ထံသို့ ချဉ်းကပ်လာပြီး လင်းကျင်းရှု ရှေ့တွင်ရပ်၍ ကြောက်မက်ဖွယ် ကောင်းအောင် ပြုံးပြလိုက်သည်။

လျန့်ချောင် မှာစကားမပြောဘဲ ပြုံးရုံသာ ပြုံးပြလိုက်သော်လည်း လင်းကျင်းရှု မှာ ကြောက်လန့်ပြီး အော်ဟစ်မတတ် ဖြစ်သွားရလေသည်။ လျန့်ချောင် သည် လင်းကျင်းရှု ကို အင်္ကျီကော်လာမှ ဆွဲကိုင်လိုက်ပြီး ဟွမ်ကျစ်ပင်း ရှိရာ အခန်းဆီသို့ ဆွဲခေါ်သွားသည်။ လင်းကျင်းရှု သည် ရုန်းကန်ရန် ကြိုးစားသော်လည်း လျန့်ချောင် ပြောလိုက်သည်ကို သူမ တွေးမိသောအခါ ချက်ချင်းပင် လက်လျှော့လိုက်သည်။

လျန့်ချောင် သည် လင်းကျင်းရှု ကို ကြမ်းပြင်ပေါ်ထိုင်ခိုင်းကာ သူမကို ကြိုးဖြင့်ချည်ထားရန် ပြင်ဆင်နေသည်။ လင်းကျင်းရှု သည် ကြမ်းပြင်ပေါ်ရှိ ဟွမ်ကျစ်ပင်း နှင့် မနိုးသေးသော ယန်ဟန် ကိုကြည့်ကာ တုန်လှုပ်ချောက်ချားနေလေသည်။

"ခဏစောင့်... ကျွန်မကို လွှတ်..."

ယခုအချိန်သည် လျန့်ချောင် အတွက် အလွန်အဖိုးတန်သည်။ သူ့တွင် ဤကလေးမလေးကို ချုပ်နှောင်ထားရန် အချိန်မရှိသဖြင့် ခပ်မြန်မြန်ပင် ကြိုးနှင့်ချည်ထားလိုက်သည်။

"ရှင်က ငယ်ငယ်ရွယ်ရွယ်နဲ့ သန်မာတဲ့ စမ်းသပ်ခံမယ့်သူ နှစ်ယောက် သုံးယောက်လောက်ကို လိုက်ရှာနေတာ မဟုတ်ဘူးလား...ကျွန်မကို လွှတ်လိုက်...ရှင့်အတွက် လူနှစ်ယောက် ရှာပေးမယ်...နှစ်ယောက်နဲ့ တစ်ယောက်ဆိုတော့ ရှင် မနာပါဘူး..."

လျန့်ချောင် သည် ထိုစကားကိုကြားသောအခါ လင်းကျင်းရှု ကို ကြိုးချည်နေရာမှ ရုတ်တရက် ရပ်လိုက်သည်။ လင်းကျင်းရှု သည် သူမ၏ စကားကို လျန့်ချောင် စိတ်ဝင်စားနေသည်ကို တွေ့လိုက်ရသဖြင့် တရစပ်ပြောလိုက်တော့သည်။

"ရှင် အခု အပြင်ထွက်လို့ မရတော့ဘူး... ယန်ဟန်ကို ရှင်က ဖမ်းထားတယ်... အခု ဟန်ခိုင် က ယန်ဟန် ကို စခန်းမှာ လိုက်ရှာနေပြီ. .. စခန်းက အရမ်းကျယ်တယ်လေ...ရှင် မြေအောက်ခန်းထဲမှာ ပုန်းနေရင်  ရှာမတွေ့နိုင်ပေမယ့် ရှင် အပြင်ထွက်လိုက်တာနဲ့....."

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now