ဇွန်ဘီမလေးယန်ဟန်

169 19 0
                                    

Chapter 44

ယန်ဟန်သည် ကာကွယ်ဆေးထိုးထားသော ကြွက်များကို လှောင်အိမ်ထဲတွင် ထည့်ထားလိုက်ပြီး တစ်မိနစ်မပြည့်မီ ကြွက်များမှာ တစ္ကိုယ္လုံး တဆတ်ဆတ် တုန်ခါသွားပြီး လဲသွားလေသည်။ ခဏအကြာတွင် ယန်ဟန်သည် စမ်းသပ်မှု မှတ်စုစာအုပ်တွင် ရလဒ္မ်ားကို မှတ်နေစဉ် လှောင်အိမ်အပြင်ဘက်ရှိ ကြွက်များ၏ ပြောင်းလဲမှုများကို စောင့်ကြည့်နေခဲ့သည်။

ကျန်းလန် နှင့် ဓာတ်ခွဲခန်းရှိ ကြွက်များမှာ အလှမ်းဝေးနေသောကြောင့် သူသည်ကြွက်ဖြူ၏ ပြောင်းလဲမှုများကို သဲသဲကြဲကြဲ မမြင်ရပေ။ နောက် ဆယ်မိနစ်ခန့်အကြာတွင် လဲနေသော ကြွက်တစ်ကောင်သည် ရုတ်တရက် ရန္လိုလာကာ ယန်ဟန်ကို သံလှောင်အိမ်အား တဝုန်ဝုန်း တိုက်နေပြီး ယန်ဟန်ကို ကိုက်မည်ပြုလိုက်သည်။

ထို့နောက် ယန်ဟန်သည် သံလှောင်အိမ်အား အနက်ရောင် အ၀တ်စဖြင့် ဖုံးအုပ်လိုက်ရာ သံလှောင်အိမ်ထဲမှ ကြွက်မှ တဖြည်းဖြည်း ငြိမ်သက်သွားသည်။ထို့နောက် သူမက စမ်းသပ်မှု မွတ္စုစာအုပ္ကို ကောက်ကိုင်လိုက်သောအခါ စားပွဲပေါ်ရှိ ဖုန်းက ရုတ်တရက် မြည်လာလေသည်။

ရုတ်တရက် ဖုန်းခေါ်သံကြောင့် ကျန်းလန် လည်း အနည်းငယ်လန့်သွားပြီး အမြန်လှည့်ထွက်ကာ အခြားဓာတ်ခွဲခန်းဘက်သို့ လျှောက်သွားလိုက်သည်။

ထို့နောက် ယန်ဟန်က ဖုန်းကိုင်လိုက်ပြီး ဓာတ်ခွဲခန်း တံခါးကို သော့မခတ်ဘဲ ထွက်သွားလေသည်။

ကျန်းလန် သည် ယန်ဟန် ထွက်သွားသည်ကို အခွင့်ကောင်းယူကာ ဓာတ်ခွဲခန်းထဲသို့ အမြန်ဝင်လိုက်ပြီး ကြွက်ဖြူလှောင်အိမ်ကို ဖုံးအုပ်ထားသည့် အနက်ရောင် အဝတ္စကို ဖယ်ရှားလိုက်သည်။

ကြွက်ဖြူလေးသည် အလင်းရောင်ကိုမြင်သောအခါ ချက်ချင်းပင် ဒေါသထွက်လာပြီး သံလှောင်အိမ်အား ကိုယ်လုံးနှင့် ပစ်ပစ်ဆောင့်နေတော့သည်။ ကျန်းလန် အံ့အားသင့်သွားပြီး နောက်သို့ အနည်းငယ် ဆုတ်လိုက်၍ ခက်လှမ်းလှမ်းမှပင် ကြွက်ဖြူကို ဂရုတစိုက် စောင့်ကြည့်နေလေတော့သည်။

များမကြာမီ ကြွက်ဖြူ၏ အမွှေးအမျှင်များမှာ ကျွတ်ထွက်သွား၍ တစ္ကိုယ္လုံး သွေးထွက်နေသော ဒဏ်ရာများ ဖြစ်လာပြီး မျက်လုံးမှာလည်း နီရဲနေလေသည်။ ဤကြွက်ဖြူ ကလေးသည် သူမြင်ဖူးသော ဇွန်ဘီရုပ်ရှင်များမှ ဇွန်ဘီများနှင့် အလွန်တူနေသည်။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now