ဇွန်ဘီမလေး ယန်ဟန်

185 12 0
                                    

Chapter 106

ယန်ဟန် ၏ ခေါင်းမာသော စိတ်ထားကို မြင်လိုက်ရသောအခါ စွန်းကျားရှီ  တစ်ထစ်လျှော့လိုက်သည်။

"ဒါဆို စမ်းသပ်မှုမှာ မင်း ဘာအကူအညီလိုလဲ... ငါ ကူညီဖို့ လူတွေကို စုပြီး စမ်းသပ်မှုကို အရှိန်မြှင့်နိုင်ဖို့ ကြိုးစားမယ်..."

"ကျွန်မ ဇွန်ဘီနှစ်ကောင် အရှင်လို ချင်တယ်...လူသား စမ်းသပ်မှုတွေကို ဆက်လုပ်ပြီးတော့ပဲ အောင်မြင်မှုကို ကျွန်မတို့ ရှာ‌မှာပါ..."

  "ရပါတယ်....မင်းအတွက် ဇွန်ဘီနှစ်ကောင် ဖမ်းဖို့ လက်နက်ကိုင်တပ်ဖွဲ့ဌာနက တစ်ယောက်ယောက်ကို ငါခိုင်းလိုက်မယ်..."

နောက်တစ်နေ့တွင် ယန်ဟန်သည် လက်နက်ကိုင်တပ်ဖွဲ့ဌာနမှ ဖမ်းဆီးလာခဲ့သော ဇွန်ဘီ နှစ်ကောင်ကို မြင်လိုက်ရသောအခါ စွန်းကျားရှီ ၏ ဩဇာအာဏာကို အံ့အားသင့်သွားရသည်။ ယန်ဟန်က ဇွန်ဘီများကို ဓာတ်ခွဲခန်းထဲသို့ သော့ခတ်ထည့်ထားလိုက်ပြီး ဇွန်ဘီများထဲမှ တစ်ကောင်ကိုသာ ကြိုတင်ပြင်ဆင်ထားသော ကာကွယ်ဆေးကို ထိုးရန်  လက်နက်ကိုင်တပ်ဖွဲ့ဌာနမှ အဖွဲ့သားများကို ပြောလိုက်သည်။

ယခုအခေါက် ကာကွယ်ဆေး၏ ပမာသည် လူ့ခန္ဓာကိုယ်နှင့် ကြွက်၏ အလေးချိန် အချိုးအဆအတိုင်း ချိန်ညှိထားသဖြင့် ပြဿနာ ကြီးကြီးမားမား မရှိနိုင်ပေ။ ကာကွယ်ဆေးထိုးစဥ်က ဟန်ခိုင် လည်း ဘေးမှာရှိနေခဲ့ပြီး သူတို့နှစ်ယောက်လုံး ဇွန်ဘီများ၏ ပြောင်းလဲမှုကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေခဲ့ကြသည်။ လက်နက်ကိုင်တပ်ဖွဲ့ဌာနမှ အဖွဲ့သားများကလည်း အလျင်စလို ပြန်မသွားကြဘဲ ဓာတ်ခွဲခန်းထဲတွင်သာ စောင့်ကြည့်နေခဲ့ကြသည်။

ကာကွယ်ဆေးကို ထိုးသွင်းခဲ့သည့်ဇွန်ဘီသည် အလွန်နာကျင်နေပုံရပြီး ပါးစပ်ကိုဟလျက် ကျယ်လောင်စွာ အော်နေတော့သည်။ ယန်ဟန်သည် ဇွန်ဘီဘုရင် ၏ ခြေရာနင်းမည်စိုး၍ ကြိုတင် ပြင်ဆင်ထားသော R ဗိုင်းရပ်စ်ကို ဇွန်ဘီ၏ ခန္ဓာကိုယ်ထဲသို့ အမြန်ထိုးသွင်းလိုက်သည်။ အကယ်၍ ကာကွယ်ဆေးသည် ဇွန်ဘီကို သတ်လိုက်လျှင် R ဗိုင်းရပ်စ်သည် ဇွန်ဘီအတွက် ဖြေဆေးဖြစ်သည်။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now