ဇွန်ဘီမလေးယန်ဟန်

434 45 0
                                    

Chapter 5

လေးနာရီထိုးချိန်တွင် ယန်ဟန် အိမ်မက်မှ နိုးထလာသည်။

သူမ မ်က္လုံးအား ဖွင့်လိုက်သည်နှင့် တပြိုင်နက် ဟန်ခိုင် အားမတွေ့ရတော့ပေ။ ဂိုထောင်တံခါးမှာ ပွင့်နေပြီး ဖယောင်းတိုင်တစ်တိုင်လဲ ပျောက်ဆုံးနေသည်။ သူမ အိပ်ပျော်နေစဉ်အတွင်း ဟန်ခိုင်ထွက်ပြေးသွားမည်အား စိုးရိမ်ခဲ့သည်။ အဲ့ဒါက ကြောက်စရာပဲ... သူမ အိမ်မက်ထဲတွင် တစ်စုံတစ်ယောက်မှ သူ့အား အနာတရဖြစ်အောင် လုပ်နေသည်ဟု မက်ခဲ့မိသောကြောင့် ဖြစ်သည်။

မဟုတ်သေးဘူး... မဖြစ်ရဘူး... သူမ သူ့ကိုကယ်မှဖြစ်မယ်....

ယန်ဟန် သူမ အိမ်မက်ထဲတွင်မက်ခဲ့သော ဆိပ်ကမ်းအား ၃ နာရီခန့်လျောက်သွားရင်း ရှာလိုက်ရသည်။ ကမ်းခြေမှ လှေများမှာပျက်ဆီးနေပြီး ပြန်အသုံးပြုလို့ရပုံမပေါ်သည့်အတွက် ကနူးလှေလေးအား ရှာရန် သူမ အလွန်အလုပ်များသွားသည်။

ထို့ကြောင့်ပင် သူမ ကျွန်းပေါ်သို့ ကနူးလှေဖြင့်သွားလိုက်သည်။

ဟန်ခိုင် လီနန့်ရှန်နှင့် တခြားသူများသည် ကျွန်းပေါ်သို့ လှေဖြင့်ရောက်သွားကြသည်။ မနက်ခင်းအာရုံတက်ချိန် ဖြစ်သည့်အပြင့် နေရောင်ခြည်မှာလဲ သိပ်မကြာခင်အချိန်အတွင်း ထွက်ပေါ်လာကာ ကောင်းကင်နှင့်ပင်လယ်ပြင်ပေါ်တွင် တောက်ပနေသော အနီရောင် တိမ်တိုက်များ ရှိနေသည်။

လီနန့်ရှန်နှင့် တခြားသူများသည် ဇြန္ဘီမ်ားအား ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးဌာနသို့ ခေါ်ဆောင်သွားသည်။ ဟန်ခိုင်သည် သူ့အဖေအခြေအနေအား စိုးရိမ်နေသောကြောင့် အိမ်သို့လျင်မြန်စွာဖြင့် တန်းပြန်သွားသည်။

၂၀၂၂ တွင် ဇွန်ဘီဗိင်းရပ်ရုတ်တရပ်ပြန့်နှံ့ခြင်းဖြစ်ပွားပြီးနောက် ဟန်ကျင်းရီသည် သူ၏ ဇွန်ဘီဖြစ်သွားသော ဇနီးအား သားဖြစ်သူကိုယ်တိုင်သတ်လိုက်သည်ကို မျက်မြင်တွေ့ခဲ့ရသည့်အတွက် စိတ်ဓါတ်ကျရောဂါကို ခံစားနေရသူဖြစ်သည်။ သူသည် တခြားသူများနှင့်အဆက်သွယ်အားလုံးဖြတ်တောက်ကာ အခန်းထဲတွင်တနေကုန်နေပြီး သူ့ဇနီးအားသတိရလေ့ရှိသည်။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now