ဇွန်ဘီမလေးယန်ဟန်

172 20 0
                                    

Chapter 46

ယန်ဟန်သည် ရှီကျိုး ဒေသသို့ သွားသည့် ဒုတိယမြောက်ညတွင် လူစိမ်းတစ်ယောက်နှင့် တွေ့ခဲ့ရသည်။

ထိုနေ့က သူမသည် ခါတိုင်းကဲ့သို့ ညဘက်တွင် အိပ်စရာနေရာ ရှာနေစဉ် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ အနက်ရောင်ဝတ်စုံကို သူမထက်ပင် လုံခြုံစွာ ၀တ်ဆင်ထားသော ထူးဆန်းသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။

ဇွန်ဘီဗိုင်းရပ်စ်သည် သုံးနှစ်ကျော်ကြာ ဖြစ်ပွားခဲ့ပြီး ယွင်ကျင့် မြို့၌ အသက်ရှင်ကျန်ရစ်သူတိုင်း ကျွန်းသို့ ထွက်ပြေးသင့်လေသည်။ သို့သော် ရှီကျိုး ဒေသတွင် သက်ရှိလူသားတစ်ဦးက မည်သို့

နေနိုင်သနည်း။

ယင်းက ယန်ဟန်၏ စိတ္ကို ချက်ချင်း နှိုးဆွလိုက်ပြီး အမှောင်ထဲတွင် လမ်းလျှောက်နေသည့် ထိုလူကို သူမ တိတ်တဆိတ် စောင့်ကြည့်နေခဲ့လေသည်။

ယန်ဟန်က သူ့နောက်ကို အတန်ကြာလိုက်ချောင်းကြည့်ရာ သူသည် အကြောင်းမရှိ လျှောက်သွားနေခြင်းမဟုတ်ဘဲ အစားအစာ ရှာနေကြောင်း သိလိုက်ရသည်။ ထိုလူက စူပါမားကတ္တစ္ခုသို့ လျှောက်သွားသည်ကို မြင်လိုက်ရသဖြင့် သူမ ကမန်းကတန်း လိုက်သွားလေသည်။ ယန်ဟန်က မှန်ပြတင်းပေါက်မှ ကြည့်လိုက်ရာ စူပါမားကတ်အတွင်းတွင် ငြိမ်သက်နေကြသော ဇွန်ဘီအချို့ကို တွေ့လိုက်ရသည်။

ထိုလူကလည်း ဇြန္ဘီမ်ားကို တွေ့ပုံရသည်။

မြင်ရဲ့သားနဲ့ ဘာလို့ ဝင်သွားရတာလဲ...

ယန်ဟန် သည် မှန်ပြတင်းပေါက် အပြင်ဘက်တွင် ရပ်နေကာ ထိုလူ၏ လှုပ်ရှားမှုတိုင်းကို ကြည့်နေရင်း မကြာမီပင် သူမ စိတ္ကို ပို၍ပင် ရှုပ်ထွေးသွားစေသည့် မြင်ကွင်းတစ်ခုကို တွေ့လိုက်ရလေသည်။

ထိုလူသည် စင်ပေါ်ရှိ သက်တမ်းမကုန်သေးသော ဆီသြတ္ဗူးမ်ားကို အေးဆေးစွာ ရွေးချယ်နေကာ ကျောပိုးအိတ်ထဲသို့ တစ်ခုပြီးတစ်ခု ထည့်နေသော်လည်း သူ့ဘေးတွင် ရပ်နေသော ဇွန်ဘီများသည် မလွုပ္မယွက္သာ ဖြစ်နေသေးသည်။

'ဒီလူက ဇွန်ဘီတွေကို မမြင်တာလား...ဒါမှမဟုတ် စူပါမားကတ်ထဲက ဇွန်ဘီတွေက မျက်စိကန်းနေတာလား...သူတို့ဘေးက သက်ရှိလူတစ်ယောက်ကို မတွေ့ရဘူးလား...'

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now