ဇွန်ဘီမလေးယန်ဟန်

180 23 0
                                    

Chapter 39

ကျီဟုန်ယီသည် စောင့်ကြည့်ရေး အခန်းမှ CDC သို့ ပြန်လာရာလမ်းတွင် ဗိုက်မှာပို၍ပင် အောင့်လာလေတော့သည်။ ထို့နောက် ရုံးခန်းသို့ ပြန်ရောက်သောအခါ ဗိုက္ကို ဖိထားရန် ကူရှင်တစ်ခုအား ရှာဖွေနေချိန်တွင် အတွင်းရေးမှူး လျူ က တံခါးခေါက်ပြီး ဝင်လာလေသည်။

"ကျွန်တော် ရှောင်ကျိုး နဲ့ စကားပြောပြီးပါပြီ...ဒါရိုက္တာ ထင်ထားသလိုပါပဲ... ရှောင်ကျိုး က သေနတ်ကိုမှောင်ခိုဈေးကွက်မှာ ရောင်းတော့မလို့ လုပ်နေတယ်...သူက မနေ့ည ကင်းလှည့်တုန်းက သွေးအိုင်နဲ့ သေနတ်တစ်လက် တွေ့တယ်...ဒါနဲ့ ကင်းလှည့်ပြီးမှ ရုပ်ကိုမမြင်ရအောင် ဝတ်ပြီး ၇ထပ်ကို ပြန်သွားပြီးတော့ သေနတ်ကို သြားယူတာပါ..."

ကျီဟုန်ယီ သေနတ်ကို မြင်လိုက်ရသောအခါတွင် သူမျက်နှာ ပျက်သွားရသည်။ သူ မျှော်လင့်ထားသည့်အတိုင်း ပင် ရှောင်ယန် ကို ပေးထားသည့်သေနတ် ဖြစ်လေသည်။

ကျီဟုန်ယီ အတွင်းရေးမှူး လျူ ကို ခေါင်းညိတ်ပြပြီး ပြောလေ၏။

"ကျေးဇူးပဲကွာ..."

ကျီဟုန်ယီသည် နားထင်ကို လက်ဖြင့် ထောက်ထားလိုက်ပြီး စိတ်အတော် ညစ်သွားရသည်။

"အတွင်းရေးမှူး လျူ... ရပါပြီ.... ငါအနားယူလိုက်ဦးမယ်...."

ကျီဟုန်ယီ သည်နေထိုင်လာသည့် အနှစ် ၅၀ အတွင်း ပထမဆုံးအကြိမ် "အကူအညီမဲ့ခြင်း" ဟူသည့် ခံစားခ်က္ကို မြည်းစမ်းခဲ့ရခြင်း ဖြစ်သည်။

ယခုမူ သားဖြစ်သူကို စောင့်ဆိုင်းရုံမှတစ်ပါး သူ ဘာတတ်နိုင်မည်နည်း။

အခင်းဖြစ်ပွားသည့် သုံးရက်မြောက်နေ့တွင်လည်း ကျီကျောက်ယန် ပေါ်မလာသေးပေ။ ကျီဟုန်ယီ မှာတော့ ရေငွေ့ကဲ့သို့ လူတစ်ယောက် ပျောက်သွားပုံကို နားမလည်နိုင် ဖြစ်နေရသည်။

လွန်ခဲ့သည့်ရက်က ရှောင်ယန် ပျောက်ဆုံးမှုအား လက်နက်ကိုင် တပ်ဖွဲ့ ဌာနသို့ သတင်းပို့ရန် အတွင်းရေးမှူးလျူအား မှာကြားထားသည်။အတွင်းရေးမှူး လျူ ကလည်း ကျွန်းအနှံ့ ရှာဖွေမှုပြုလုပ်ရန် လက်နက်ကိုင်တပ်ဖွဲ့ ဌာနမွ အဖွဲ့ဝင်များကို အကူအညီတောင်းထားကြောင်း ပြောသော်လည်း အချိန်တစ်ရက် ကုန်လွန်သွားခဲ့ပြီး သတင်းမှာ ယခုထိမရသေးပေ။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now