ဇွန်ဘီမလေးယန်ဟန်

319 31 0
                                    

Chapter 8

ကျီဟုန် ၏ အသံသည် အသံချဲ့စက်များထံမှ ထပ်ခါတလဲလဲ ပြန့်လွင့်လာတော့သည်။

"လီရှင်းယု က R ဗိုင်းရပ်စ် ဘယ်လိုလုပ် ကူးစက်ခံရတာလဲ..."

ဟန်ခိုင် သည် ကြောငြာချက်ကို ကြားသောအခါ ကျန့်စစ်ချီ ကို မေးလိုက်သည်။ ကျန့်စစ်ချီ က ရှက်ရွံ့စွာ ပြုံး ခေါင်းခါပြသည်။

"မသိပါဘူးရှင်..."

သို့သော် သူမ စိတ်ထဲတွင် စဉ်းစားနေနေသည်။ လီရှင်းယု သည် ဓာတ်ခွဲခန်းတွင် အချိန်အတော်ကြာ နေခဲ့သော ဝါရင့် သုတေသီ တစ်ဦး ဖြစ်သည်။ စမ်းသပ်မှု ပြုလုပ်နေစဉ် သူမသည် R ဗိုင်းရပ်စ် မတော်တဆ ကူးစက်ခံရခြင်းမှာ မဖြစ်နိုင်ပေ။

ဒါဆို သူမ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ လား...

"ငါအိမ်ပြန်ရမယ်...မင်းတို့ ဓာတ်ခွဲခန်းထဲက မထွက်ကြနဲ့... ငါထွက်ပြီးတာနဲ့ တံခါးတွေ ပြတင်းပေါက်တွေကို သော့ခတ်ထားကြ..."

ဟန်ခိုင် သွားခါနီးတွင် ကျောက်ရှောင်ရွှယ် က စိုးရိမ်တကြီးဖြင့် ပြောသည်။

"ပရော်ဖက်ဆာ ဟန်...အပြင်မှာ အရမ်းအန္တရာယ်များတယ်... ဓာတ်ခွဲခန်းမှာ နေတာက ပိုလုံခြုံတယ်..."

"မင်းတို့သာ ဘေးကင်းအောင် ဂရုစိုက်ပါ...."

ထို့နောက် သူ အတင်း ပြေးထွက်သွားတော့သည်။

"အားလုံးပဲ တံခါးနဲ့ ပြတင်းပေါက်တွေကို မြန်မြန် သော့ခတ်ကြ..."

ကျန့်စစ်ချီ က တံခါးနှင့် ပြတင်းပေါက်များကို အမြန်သော့ခတ်ရန် ဟစ်အော်လိုက်သည်။

လမ်းမပေါ်တွင် ကြောက်လန့်တကြားပြေးလွှားနေကြသော လူမ်ားကို မြင်လိုက်ရသဖြင့် အဖေဖြစ်သူအတွက် အလွန် စိုးရိမ်သွားလေသည်။

ဟန်ခိုင် ၏ စိတ်ထဲတွင် အတွေးများနှင့် လုံးထွေးနေသဖြင့် ယန်ဟန် ရောက်လာသည်ကို သတိမထားမိလိုက်ပေ။

ယန်ဟန်က သူ့လက်မောင်းကို ဆွဲလိုက်ပြီး သူမစိတ်ထဲတွင် ပြုံး၍ ပြောသည်။

"ရှင့်ကို တွေ့ပြီ..."

သို့သော် တကယ်တမ်းတွင် သူမ၏ မျက်နှာမှာ တင်းမာနေပြီး စကားသံလည်း ထွက်မလာပေ။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now