ဇွန်ဘီမလေး ယန်ဟန်

152 18 0
                                    

Chapter 68

ဟန်ခိုင်  ဝင်ပေါက်ဆီသို့ လျှောက်သွားခဲ့သော်လည်း တံခါးကိုစောင့်နေသူက သူ့ကို တားလိုက်သည်။ ထိုလူက ဟန်ခိုင် ကို အေးစက်စွာ ပြောလိုက်သည်။

"အုပ်စုလိုက်ပဲ သွားလို့ရမယ်... မင်းက ပထမအုပ်စုထဲမှာ မပါဘူး..."

"ကျွန်တော် လှေပေါ် တက်မလို့ မဟုတ်ပါဘူး...ကျွန်တော်က ဒီတိုင်း ကြည့်ချင်ရုံပါ..."

"မင်းကို ခွင့်မပြုနိုင်ဘူး....တခြားလူတွေကပါ မင်းလို ဆင်ခြေပေးပြီး လှေပေါ်တက်သွားရင် ဘယ်လိုလုပ်မလဲ... ကိုယ့်နေရာကိုယ် မြန်မြန်ပြန်တော့.."

“ဟုတ်ပါပြီ...”

ဟန်ခိုင် က တောင်းပန်သည့် ပုံစံဖြင့် ပြောလိုက်ပြီး အပြင်သို့ အနည်းငယ် ခေါင်းပြူ၍ ကြည့်လိုက်သော်လည်း ဘာမှမတွေ့ရပေ။ ဟန်ခိုင် သည် သူ့နေရာသို့ ပြန်ရောက်သောအခါ လှည့်ကွက်တစ်ခုခု ရှိနေသည်ဟု ခံစားမိသော်လည်း မတွေးတတ်အောင် ဖြစ်နေလေသည်။

စွန်းကျားရှီ က သူသည် နောက်ဆုံး အုပ်စုမှ လူများနှင့်အတူ ကျွန်းမှ အတူထွက်ခွာမည်ဟု ပြောခဲ့သော်လည်း အမှန်တစ်ကယ်တွင် သူသည် လှေနှင့် အခေါက်ခေါက် အခါခါ လာခေါ်တိုင်း လိုက်လာမည် ဖြစ်သည်။ အတွင်းရေးမှူးကျန်း ကလည်း မြို့တော်ဝန်သည် အရေးပေါ် အခြေအနေများ မဖြစ်ပွားစေရန် ဤအစီအစဉ်ကို ပြုလုပ်ခဲ့ကြောင်း ပြောခဲ့လေသည်။

ဟန်ခိုင် သည် မြို့တော်ဝန်၏ အပြုအမူနှင့် ပတ်သက်၍ အနည်းငယ် စိတ်ရှုပ်သွားရသည်။ စွန်းကျားရှီ သည် လူတိုင်းကို တစ်စုံတစ်ခု ဖုံးကွယ်ထားကြောင်း သူ ခံစားမိသောကြောင့်  စောစောက အပြင်သို့ ထွက်ကြည့်ရန်ပြောခဲ့ခြင်း ဖြစ်သည်။ သူသည် နံဘေးတွင်ထိုင်နေပြီး ယခုအချိန်အထိ ကောင်းစွာ စကားမပြော နိုင်သေးသော ဖခင်ဖြစ်သူကို ငေးကြည့်နေမိသည်။ အကယ်၍ ဖခင်ဖြစ်သူနှင့် သူသာ တစ်အုပ်စုတည်းတွင် ရှိမနေပါက ဖခင်ကို ဘယ်သူမှ ဂရုစိုက်မည် မဟုတ်ပေ။

ပထမအုပ်စု ထွက်သွားပြီးနောက် ကျန်လူများသည် မြေအောက်လမ်းတွင် နောက်ထပ် ဆယ့်ရှစ်နာရီ ကြာအောင် စောင့်ခဲ့ကြရသည်။ မြေအောက်လမ်းတွင် နေထိုင်လာသည့် နောက်ထပ်သုံးရက်မြောက်နေ့တွင် မနှစ်မြို့ဖွယ်ကောင်းသော အနံ့အသက်များမှာ မြေအောက်လိုဏ်ခေါင်း တစ်ခုလုံးကို ဖြန့်ကျက် သွားကြလေသည်။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now