ဇွန်ဘီမလေး ယန်ဟန်

148 15 0
                                    

Chapter 72

လူဆိုသည့် သတ္တဝါများသည် တစ်ဦးနှင့်တစ်ဦး ပေါင်းသင်းဆက်ဆံကြသည့် သတ္တဝါများ ဖြစ်သော်လည်း ယန်ဟန် သည်  သူမကိုယ်တိုင်ဆွဲထားသည့် စည်းဝိုင်းထဲတွင်သာ နေထိုင်ခဲ့ပုံ ရလေသည်။

မည်သူကမှ ဝင်လာလို့မရသလို သူမကလည်း အပြင်ကို ထွက်မရပေ။

သူမသည် ဆွဲကြိုးကို နောက်နေ့တွင် ဟန်ခိုင် ကို ပြန်ပေးရန် တွေးထားသော်လည်း  အမြဲမေ့နေသဖြင့် ယခုအချိန်အထိ လည်ဆွဲကို သူမ၏ အိတ်ကပ်ထဲတွင် လေးနှစ်နီးပါး သိမ်းဆည်းထားခဲ့ခြင်း ဖြစ်လေသည်။ ဇွန်ဘီဖြစ်လာပြီးနောက် သူမ သတိပြန်ရလာသောအခါ ဟန်ခိုင် သည် သူမ၏ ချစ်သူဖြစ်ကြောင်း ရူးမိုက်စွာ တွေးတောမိခဲ့သည်ကို ယခု တွေးမိပြီး ရယ်ချင်သွားရသည်။

ယန်ဟန်က ဆွဲကြိုးကို အိတ်ကပ်ထဲ ပြန်ထည့်လိုက်ရာ ရုတ်တရက် သူမ လက်များအား သတိထားမိလိုက်သည်။ ယခုသူမသည် အိပ်ရာက နိုးခါစဖြစ်၍  ခေါင်းရှုပ်နေသော်လည်း သူမ၏ လက်များတွင် ပုပ်နေသည့် အသားစများ ရှိမနေသည်ကို ရှင်းလင်းစွာ တွေ့လိုက်ရသည်။  သူမ အင်္ကျီလက်စများကို အမြန်လိပ်တင်လိုက်ပြီး ကြည့်လိုက်ရာ လက်မောင်းပေါ်ရှိ အသားပုပ်များမှာ ပျောက်ကွယ်သွားပြီး ဒဏ်ရာရှိခဲ့ကြောင်း သိနိုင်သည့် အမာရွတ်အချို့သာ ကျန်နေလေသည်။

ထို့ကြောင့် ယခု သူမသည် အအေးဓာတ်နှင့် ဆာလောင်မှုကို ခံစားနိုင်ပြီး သူမ ဇွန်ဘီ မဖြစ်လာမီအချိန်ကို ရုတ်တရက် ပြန်၍ သတိရသွားခြင်း ဖြစ်နိုင်သည်။

ငါကိုယ်ငါ ပြန်ကုလိုက်တာပဲ...

ယန်ဟန်သည် ထိတ်လန့်တုန်လှုပ်သွားသည့်အပြင်၊ သူမကိုယ်သူမ မည်သို့ ကုသလိုက်ပုံကို အေးအေး ဆေးဆေး ခွဲခြမ်းစိတ်ဖြာစ ပြုလာသည်။

ဇွန်ဘီဗိုင်းရပ်စ် ဖြစ်ပွားသောအခါက ယန်ဟန် ၏ မှတ်ဉာဏ်သည် ၂၀၂၂ တွင် အဆုံးသတ်သွားသည်။ ထိုအချိန်တွင် သူမသည် သာမန် ဇွန်ဘီဖြစ်သွားခြင်း ဖြစ်နိုင်သည်။ ၂၀၂၅ ခုနှစ်အစတွင်  ဦးနှောက်မှာ ရုတ်တရက် နိုးကြားလာပြီး ကြိုတင်သိနိုင်သည့် အိပ်မက်များ မက်လာခြင်း ဖြစ်သည်။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now