ဇွန်ဘီမလေးယန်ဟန်

189 26 0
                                    

Chapter 30

"မစ္စဟန်... မစ္စတာဟန်..."

ကျန့်စစ်ချီ က စမ်းသပ်စင်ရှေ့တွင် ကြောင်စီစီ ထိုင်နေသော ဟန်ခိုင်ကို ခေါ်လိုက်သည်။

ဟန်ခိုင် က သတိပြန်ဝင်လာပြီး ပြောလိုက်သည်။

"ဘာဖြစ်လို့လဲ..."

"ရှင့်ရဲ့ အချိန်မှတ်နာရီက မြည်နေတယ်..."

ကျန့်စစ်ချီ သည် ဓာတ်ခွဲခန်းခုံတန်းပေါ်ရှိ အချိန်မှတ်နာရီကို လက်ညှိုးထိုးပြပြီး ပြောလေသည်။

"ဓာတ်ခွဲခန်းကို ပိုးသတ္ဖို့ အချိန်မဟုတ်လား..."

"အင်း... ဟုတ်တယ်..."

ဟန်ခိုင် က အသံမြည်နေသည့် အချိန်မှတ်နာရီကို ချက်ချင်းပိတ်လိုက်သည်။

"ဆရာ ဟန်...လွန်ခဲ့တဲ့ နှစ်ရက်လုံးလုံး စိတ်နဲ့ ကိုယ်နဲ့ကို မကပ္ဘူး... ရှင် နေမကောင်းလို့လား..."

" နေမကောင်းဖြစ်နေတာ ဟုတ်မယ်"

"မစ္စတာဟန် နေမကောင်းရင်လည်း ခွင့်ယူပြီး ပြန်နားလိုက်ပါလား...ကျွန်မ ဓါတ်ခွဲခန်းကို ကြည့်ထားလိုက်ပါ့မယ်..."

"ရပါတယ် ငါ ရေချိုးခန်းထဲမှာမျက်နှာ သွားသစ်လိုက်ဦးမယ်..."

ဟန်ခိုင်သည် ကုတ်အင်္ကျီဖြူကို ချွတ်ကာ ရေချိုးခန်းဆီသို့ လျှောက်သွားလိုက်သည်။ နှစ်ရက်လုံးလုံး ယန်ဟန် ကို သီးသန့်ခန်းထဲသို့ အမြန်ပြောင်းရန် စဉ်းစား အကြံထုတ်နေခြင်း ဖြစ်သည်။

အချိန်ဆွဲနေပါက ယန်ဟန် အသတ်ခံရမည်ကို ဟန်ခိုင် ကြောက်မိသည်။ ထို့ နောက် သူ ရေပိုက်ခေါင်းကို ဖွင့်ကာ မျက်နှာကို ရေအေးဖြင့် မျက်နှာသစ်လိုက်သော်လည်း စိတ်ထဲတွင် ကေမာက္ကမ ဖြစ်နေဆဲဖြစ်ပြီး ဘာကိုမျှ မတွေးနိုင်တော့ပေ။ နောက်ဆုံးတွင် စင်္ကြံအဆုံးရှိ ပြတင်းပေါက်နား သြား၍ အပြင်ဘက်ရှိ ရှုခင်းများကို ငေးကြည့်နေမိသည်။

ဟန်ခိုင် ဓာတ်ခွဲခန်းသို့ ပြန်ရောက်သောအခါ ဓာတ်ခွဲခန်းထဲတွင် မည်သူမျှ ရှိမနေပေ။သုတေသီများမှာ စမ်းသပ်မှုကိုယ်စီနှင့် အလုပ်ရှုပ်နေခြင်း ဖြစ်နိုင်သည်။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now