ဇွန်ဘီမလေးယန်ဟန်

188 23 0
                                    

Chapter 33

ကျီကျောက်ယန် ငိုကြွေးနေချိန်တွင် တစ်စုံတစ်ယောက်က သူ့နောက်ကျောကို လာပုတ်လေသည်။

"ပရော်ဖက်ဆာ ကျီ....ပရော်ဖက်ဆာ ကျီ... ဘာဖြစ်နေတာလဲ...."

သူ မော့ကြည့်လိုက်သောအခါ လျန့်ချောင် ဖြစ်နေသည်။ ယခု လျန့်ချောင် က စမ်းသပ်အဆောက်အဦးတွင် ဘာကြောင့် ရောက်လာရသည်ကို မစဉ်းစားအားဘဲ နောက်ဆုံး ကောက်ရိုးမျှင်တစ်ခုကို လှမ်းဆုပ်လိုက်သည်။

ကျီကျောက်ယန် က လျန့်ချောင် ၏လက္ကို တင်းတင်း ကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။

"ပရော်ဖက်ဆာ လျန့်...ငါ့ကို ကယ်ပါဦး... ယန်ဟန်က ငါ့ကို ကိုက်လိုက်တယ်...ငါ ဇြန္ဘီ အကိုက်ခံလိုက်ရပြီ..."

လျန့်ချောင် သည် သူ့မျက်နှာတွင် အံ့သြမှု တစ်စုံတစ်ရာ မျပဘဲ ကြည့်ကာ ဒဏ်ရာမရှိသည့် ဘက်မှ ပခုံးကို ပုတ်လိုက်သည်။

"ကျွန်တော် သိပါတယ်...ခင်ဗျားကို ကယ်တင်ဖို့ ကျွန်တော် ရောက်လာတာ.."

လျန့်ချောင် က သူ့ကို နံရံထောင့်ကို ခေါ်သွားလိုက်လေ၏။

"ပရော်ဖက်ဆာ ကျီ... ခင်ဗျားက R ဗိုင်းရပ်စ်ကို နှစ်ပေါင်းများစွာ လေ့လာခဲ့တဲ့ ပရော်ဖက်ဆာ တစ်ယောက်ပဲလေ... လူတစ်ယောက် ဇြန္ဘီ အကိုက်ခံရရင် သူသွားရမဲ့လမ်းက တစ်လမ်းတည်းပဲ...အဲ့ဒါက ကိုယ့်ဘဝရဲ့ ကျန်နေတဲ့ အချိန်နာရီတွေကို ကောင်းကောင်းမွန်မွန် ခံစားပြီး ဇွန်ဘီအဖြစ် ပြောင်းသွားရမှာပဲ...ဒါပေမဲ့ ကောင်းကင်ကြီးဟာ အဆုံးမရွိဘူး ဆိုသလိုပဲ.. ခင်ဗျားကို ကယ်တင်နိုင်မဲ့ နည်းလမ်းတစ်ခုတော့ ရှိတယ်..."

"ဘယ္လို... ဘယ်လိုမျိုးလဲ..."

"မကြာခင်က ကျွန်တော် R ဗိုင်းရပ်စ်ကို ကုသပေးနိုင်တဲ့ ကာကွယ်ဆေးကို တီထွင်တယ်...အဲ့ဒီဆေးကို ကြွက်တွေမှာ အကြိမ်ကြိမ် စမ်းသပ်ခဲ့ပြီးပြီ... အကျိုးသက်ရောက်မှုကတော့ အရမ်း ထူးထူးခြားတယ်...ဒါပေမဲ့ အဲ့ဒါကို လူသားတွေနဲ့ တစ်ခါမှ မစမ်းသပ်ဖူးဘူး...ပရော်ဖက်ဆာကျီ စွန့်စားချင်ရဲ့လား...."

"ဘာလဲ...မင်းက ငါ့ကို ဝက်တစ်ကောင်လို အသုံးချချင်နေတာလား..."

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now