ဇွန်ဘီမလေးယန်ဟန်

170 19 0
                                    

Chapter 57

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...မင်း ဘယ်လိုလုပ် ဒီလို နေကောင်းနေ,နိုင်မှာလဲ...."

ကျီဟုန်ယီ ၏ မျက်လုံးများသည် ဒေါသေကြာင့် နီရဲလာသည်။

ဟန်ခိုင် က တည်ငြိမ်စွာ ပြုံး၍ပြောလိုက်သည်။

"ဒါရိုက္တာ ကျီ ရဲ့မေးခွန်းကို ကျွန်တော် ဘယ်လိုဖြေရမှန်း မသိဘူး....ပြီးခဲ့တဲ့ သုံးလေးလကကျွန်တော် လှေကားက မတော်တဆ ချော်လဲပြီး ခြေထောက်ကျိုးသွားတယ်....အခု လှေကားအတက်အဆင်းလုပ်တဲ့အခါ အရမ်းသတိထား နေရတယ်လေ..အဲ့တော့ လှေကားထစ်ကို အချိန်တိုအတွင်း အမြန်ဆင်းနိုင်ဖို့ လှိမ့်ပြီးဆင်းတာကို ကျွန်တော် မရှက်ပါဘူး....

ဟန်ခိုင် ၏ မျက်နှာသည် တည်ငြိမ်နေပြီး ဒေါသအငွေ့အသက်တို့လည်း မလျင်းရှိမနေပေ။အကယ်၍ မနေ့ညက အဖြစ်အပျက်များကို ကျီိဟုန်ယီ သာ ရှင်းရှင်းလင်းလင်း မှတ်မိမနေပါက အိမ်မက်ဟုသာ ထင်နိုင်ဖွယ်ရှိလေသည်။

ကျီဟုန်ယီ သည် ဟန်ခိုင် ကို သေသေချချာ ကြည့်၍ အကဲခတ်နေလေသည်။ ဟန်ခိုင် ၏မျက်နှာသည် ဖြူဖျော့နေပြီး သူ့နှုတ်ခမ်းများသည် အပြင်းအထန် နေမကောင်းဖြစ်ပြီးမှ ပြန်လည်ကောင်းမွန်လာသကဲ့သို့ သွေးများ ဆုတ်လျော့နေလေသည်။ မနေ့ညက ဟန်ခိုင်၏မျက်နှာသည် ဤမျှလောက် အခြေအနေမဆိုးသေးပေ။ ဇွန်ဘီဗိုင်းရပ်စ်က သူ့ခန္ဓာကိုယ်ထဲတွင် ပျံ့နှံသွားသည်မှာ ထင်ရှားလေသည်။

'ဒါဆို သူဘယ်လိုလုပ်ပြီး နေကောင်းနေနိုင်တာလဲ... အဲဒါဖြစ်နိုင်ပါ့မလား မဟုတ္ဘူး... လုံးဝမဖြစ်နိုင်ဘူး...'

"ဒါရိုက္တာ ကျီ ကျွန်တော့်ကို ဘာကိစ္စများပြောချင်လို့လဲ.."

ဟန်ခိုင် က ပြုံးပြီး မေးလိုက်သည်။

"မနေ့ညက ဖြစ်ပျက်ခဲ့တာတွေကို မှတ်မိလား...

"မနေ့ည ...မနေ့ညက ဖြစ်ပျက်ခဲ့တာတွေတော့ အများကြီးပဲ...ဒါရိုက္တာ ကျီ က ဘယ်ဟာကို ပြောချင်တာလဲ..."

ကျီဟုန်ယီ သည် ဟန်ခိုင်က သူ့ကို လှည့်စား၍ အိပ်ကပ်ထဲတွင် အသံဖမ်းယူနိုင်သည့် ဘောပင်ကဲ့သို့ ပစ္စည်းမျိုး ရှိနေနိုင်သဖြင့် ဇွန်ဘီဗိုင်းရပ်စ် အကြောင်း ထုတ်မပြောဝံ့ပေ။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now