ဇွန်ဘီမလေး ယန်ဟန်

133 11 0
                                    

Chapter 79

"ပရော်ဖက်ဆာ ယန် က ခင်ဗျားကို မပြောထားဘူးလား..."

ဟန်ခိုင်က တုန်တုန်ယင်ယင်ဖြင့် ခေါင်းခါလိုက်သည်။ နှစ်ပေါင်းများစွာကြာသည်အထိ သူသည် R ဗိုင်းရပ်စ်၏ ဇာစ်မြစ်ကို မစဉ်းစားခဲ့ဖူးဘဲ R ဗိုင်းရပ်စ်သည် သဘာဝဖြစ်စဉ် တစ်ခုဟုသာ သူ ယူဆထားလေ၏။ ယခုမူ ဗိုင်းရပ်စ်ကို ယန်ဟန် က ဖန်တီးခဲ့ခြင်း ဖြစ်နေ၏။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...ယန်ဟန်က ဘာလို့ R ဗိုင်းရပ်စ်ကို ဖန်တီးရမှာလဲ...သူ့ကိုယ်သူရော တခြားသူတွေကိုပါ ထိခိုက်အောင် လုပ်ဖို့လား.."

လျန့်ချောင် က သူ့ကိုကြည့်ပြီး သူကြိုတွေးထားသည့် စကားကို ချောမွေ့စွာ ပြောလိုက်သည်။

"ကျွန်တော်လည်း အဲဒါကို စဉ်းစားနေတာ ကြာပြီ...အခုထိ နားမလည်နိုင်ဘူး...သိပ္ပံပညာရှင်တွေက သာမန်လူတွေ့နဲ့  အတွေးအခေါ်တွေက မတူကြဘူးလေ...ပြီးတော့ ယန်ဟန့်လို အရမ်းတော်တဲ့ သိပ္ပံပညာရှင်တစ်ယောက်က ကင်ဆာရောဂါ အားလုံးကို ကုနိုင်ပြီး လူသားတွေကို အကျိုးပြုနိုင်တဲ့ ဗိုင်းရပ်စ်ကို တီထွင်ရမှာ... ဒါပေမယ့် သူမက လူတွေကို ဇွန်ဘီ တွေဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို ဖန်တီးခဲ့တယ်လေ...ဖြစ်နိုင်တယ်..သူမမှာ တခြားရည်ရွယ်ချက်တွေလည်း ရှိ‌နေမှာပေါ့...”

ဟန်ခိုင် သည် ခဏမျှ ငြိမ်သက်စွာ တွေးနေပြီး လျန့်ချောင် ၏ တစ်ဖက်သတ်စကားများကို သူ မယုံသဖြင့် ယုံကြည်ဟန်ဆောင်၍ စကားစဖြတ်လိုက်သည်။

“ကောင်းပြီ...ကျွန်တော် နားလည်ပါတယ်...ပရော်ဖက်ဆာ လျန့်  တခြားဘာမှ လုပ်စရာမရှိဘူးဆိုရင် ကျွန်တော်စမ်းသပ်မှု လေးတွေ လုပ်စရာရှိလို့ သွားလိုက်ပါဦးမယ်...”

ဟန်ခိုင် က ထွက်သွားမည်ပြုစဉ် လျန့်ချောင် က သူ့ကို အမြန် တားလိုက်သည်။

"ဟေ့...ပရော်ဖက်ဆာ ဟန်...ခဏလေးပါ... ပရော်ဖက်ဆာ ဟန် ကျွန်တော် ပြောတာကို မယုံဘူးလား...”

"မဟုတ်ပါဘူး...ယုံပါတယ်.."

"ပရော်ဖက်ဆာ ဟန်...ကျွန်တော့်ကို ညာမနေပါနဲ့...ခင်ဗျားပုံစံကြည့်လိုက်တာနဲ့  မယုံဘူးဆိုတာ ကျွန်တော်သိတယ်...ကျွန်တော့်မှာ သက်သေရှိတယ်...ဒီသက်သေကို ကြည့်လိုက်ရင် ခင်ဗျားယုံသွားမှာပါ...”

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now