ဇွန်ဘီမလေး ယန်ဟန်

152 14 0
                                    

Chapter 69

ကျီဟုန်ယီ သည် ကျန်းမာရေးချို့တဲ့ နေခြင်းဖြစ်သည်။ သူ၏ ခန္ဓာကိုယ်သည် သုညအောက် ရောက်နေသည့် ပင်လယ်ရေထဲတွင် နေနိုင်ပါ့မလား မသိသဖြင့် လူအများစုက ပင်လယ်ထဲသို့ ခုန်ချသည့်အခါ သူက ကမ်းစပ်မှာသာ ရပ်နေပြီး ချီတုံချတုံ ဖြစ်နေလေ၏။

ကျီကျောက်ယန် သည် မြေအောက်လမ်း၏ ထွက်ပေါက်သို့ အမြန်ရောက်လာပြီး ကျီဟုန်ယီ ရှေ့တွင် ပိတ်ရပ်လိုက်သည်။ ကျီဟုန်ယီ မှာ သားဖြစ်သူကို ယခုပုံစံဖြင့် တွေ့ရမည်ဟု ဘယ်သောအခါကမှ မတွေးခဲ့မိပေ။ သူက သားဖြစ်သူကို ငေးကြည့်နေမိပြီးနောက် ထိတ်လန့်စွာဖြင့် ကျီကျောက်ယန် ၏ နာမည်ကို ခေါ်လိုက်လေသည်။

"ရှောင်ယန်..."

ကျီကျောက်ယန် သည် လူမဆန်တတ်သော လမ်းလျှောက်နေသည့် အလောင်းကောင် သာဖြစ်ကြောင်း ကျီဟုန်ယီ လုံးဝ မေ့လျော့သွားခဲ့လေပြီ။

ကျီဟုန်ယီ ထိုသို့ ခေါ်ပြီးနောက် ချက်ချင်းပင် သူ၏ ခေါင်းကို ကျီကျောက်ယန် က လက်ဖြင့် ပုတ်ထုတ်လိုက်သည်။ ကျီဟုန်ယီ ၏ ဦးခေါင်းမှာ မျက်စိပွင့်လျက်သားနှင့်  မြေပြင်ပေါ်တွင် တစ်ပတ်ပြီးတစ်ပတ် လှိမ့်ဆင်းသွားရာ မြေပြင်ပေါ်တွင် သွေးများ အိုင်ထွန်း နေတော့သည်။ထို့နောက်ဦးခေါင်းကြီးသည် ပင်လယ်ထဲသို့ လိမ့်ဝင်၍ နစ်မြုပ်သွားလေတော့၏။

ကျီကျောက်ယန် သည် ပင်လယ်ထဲသို့ လှိမ့်ဆင်းသွားသည့် ခေါင်းကြီးကို စိုက်ကြည့်ရင်း တစ်စုံတစ်ခုကို အမှတ်ရသွားသကဲ့သို့ ဖြစ်သွားပြီး သူ့ခေါင်းမှာ ပေါက်ကွဲလုမတတ် ကိုက်ခဲလာ‌ရသည်။ ထို့နောက် သူက နာကျင်မှုကြောင့် ဟစ်အော်လိုက်ပြီး မြေအောက်လမ်းထဲသို့ ပြေးဝင်ကာ အထဲမှလူများကို အရူးအမူး ကိုက်ပစ်တော့သည်။

လှေပေါ်တွင် ထိုင်နေသည့် လူများမှာ သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး မင်တက်မိနေ၍ ပင်လယ်ထဲသို့ ထွက်ခွာရန် မေ့လျော့သွားကြလေသည်။ ကျန်ဇွန်ဘီများသည်လည်း ကျီကျောက်ယန် နောက်မှလိုက်လာကာ မြေအောက် လမ်းကြောင်း အတွင်းသို့ ဝင်ရောက်သွားကြလေသည်။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now