ဇွန်ဘီမလေး ယန်ဟန်

179 17 0
                                    

Chapter 59

ယန်ဟန် ပါးစပ်ဟ၍ စကားပြောကြည့်ရာ မပြောနိုင်သေးဖြင့် လက်ဟန်ဖြင့်သာ ဟန်ခိုင်ကို ပြောလိုက်သည်။

“ဟိတ်..ရှင်အဆင်ပြေရဲ့လား... အဲဒီလူက ရှင့်ကို ဇွန်ဘီဗိုင်းရပ်စ်ပိုး ထိုးသွင်းလိုက်တာကို ကျွန်မ သေချာမြင်လိုက်ရတယ်..."

ဟန်ခိုင် က တည်ငြိမ်စွာ ခေါင်းညိတ်ပြပြီး ပြောလေသည်။

"အင်း..‌‌ပြေပါတယ်..ငါ့ခန္ဓာကိုယ်က ဇွန်ဘီ ဗိုင်းရပ်စ်ကို ခံနိုင်ရည်ရှိတယ်လေ..."

“အိုး... အံ့ဩစရာကြီး...ဒါနဲ့ ကျွန်မအိပ်နေတာ ဘယ်လောက်ကြာပြီလဲ...."

ဟန်ခိုင် သည် မျက်နှာကျက်ကို မော့ကြည့်ရင်း လက်ချိုးရေတွက်လိုက်သည်။

"မနေ့က မနက်ကနေ ဒီနေ့မနက်ထိဆိုတော့... အနည်းဆုံး ၂၄ နာရီရှိပြီပေါ့..."

ယန်ဟန် သည် မကြာသေးမီက သူမ ခန္ဓာကိုယ်၏ ပုံမှန်မဟုတ်သော ဖြစ်စဉ်နှင့် ပတ်သက်၍ အလွန်ပင် ပဟေဠိဖြစ်ခဲ့ရသည်။ သူမ၏ မနက် ၁နာရီကျော်နေ‌သော်လည်း အိပ်ချင်စိတ်ကို ထိန်းချုပ်နိုင်ခဲ့ပြီး ဟန်ခိုင် ကို အိမ်ပြန်ပို့ပေးနိုင်ခဲ့၏။

"မင်းဘာလို့ ကျွန်းကို ရောက်လာတာလဲ..."

"မနေ့ညက ငါ့ကို ဘယ်လိုရှာတွေ့တာလဲ..."

"အဲ့အချိန်က မင်းအိပ်ရမယ့်အချိန်မဟုတ်လား..."

"မင်းငါ့ကို အိမ်ထိ ဘယ်လို လိုက်ပို့ပေးခဲ့တာလဲ..."

"ပြီးတော့ မင်း ဘာလို့ ရေတွေစိုနေတာလဲ..."

ဟန်ခိုင် သည် မေးခွန်းများကို ဆက်တိုက် မေးနေသဖြင့် ဤမေးခွန်းများသည် သူ့ရင်ထဲတွင် အကြာကြီး စွဲနေမှန်း သိသာသည်။

"ပြောရတာခက်တယ်... ရှင်းပြဖို့လည်း အချိန် တော်တော်ကြာလိမ့်မယ်.... အချိန်ရရင် နောက်မှ ရှင်းပြမယ်လေ... ကျွန်မ အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခုကို အရင် ပြောပြမယ်... ကျွန်မအိပ်မက်ထဲမှာ ကျီကျောက်ယန် က ဇွန်ဘီအုပ်စုကြီးကို ကျွန်းဆီခေါ် လာတာတွေ့လိုက်ရတယ်..."

"ကျီကျောက်ယန်..."

"ဟုတ်တယ်... ကျီကျောက်ယန် က ဇွန်ဘီဖြစ်လာပြီး ယွင်ကျင့် မြို့မှာ ကြီးစိုးနေတယ်..."

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now