ဇွန်ဘီမလေး ယန်ဟန်

149 10 0
                                    

Chapter 99

လင်းကျင်းရှု သည် လျန့်ချောင် မှာ အနည်းငယ် တုန်လှုပ်သွားသည်ကို တွေ့လိုက်ရသည်။

“တကယ်တော့ ရှင်းရှင်းလေးပါ...  စမ်းသပ်ခံမယ့်သူကို ရှင်ကိုယ်တိုင် ဖမ်းမှာလား... ရှင်ကိုယ်တိုင် အပြင်ထွက်ရင် စမ်းသပ်ခံမယ့်သူ ရှာမတွေ့ခင် ဟန်ခိုင် တို့နဲ့ မမိအောင် သတိထားရမယ်....ဘာဖြစ်လို့လဲဆိုတော့ သူတို့က ရှင့်ကိုတွေ့တာနဲ့ ရှင့်ကို လွှတ်ပေးမှာ မဟုတ်တော့ဘူး... ဒါဆို ရှင်ကြိုးစားထားသမျှတွေ ရေစုန်မျောသွားပြီ...ဒါပေမယ့် ကျွန်မကို လွှတ်ပေးလိုက်ရင် ဟန်ခိုင် နဲ့ လီနန်ရှန့် ကို ဒီထဲ ပို့ပေးလိုက်မယ်...

ကျွန်မအတွက် တစ်သက်မှာ တစ်ခါပဲကြုံရမယ့် အခွင့်အရေး တစ်ခုပါ...ကျွန်မက အားနွဲ့တဲ့ မိန်းမသားတစ်‌ယောက်ဆိုတော့ ဟန်ခိုင် ကို လက်စားချေလို့မရဘူး..ဒါပေမယ့် ခုလိုဆိုရင် ကျွန်မလည်း ဟန်ခိုင်ကို လွယ်လွယ်လေး လက်စားချေပစ်လို့ရပြီ...ကျွန်မ သူတို့ကို မြေအောက်ခန်းထဲကို ခေါ်လာမယ်... ရှင်က မြေအောက်ခန်းထဲမှာ အိပ်ပြီးအသာ စောင့်နေရုံပဲ..."

လျန့်ချောင် က စူးစူးရဲရဲ ပြုံးပြလိုက်ပြီး ပြောလိုက်သည်။

"ငါ မင်းကို တကယ်လျှော့တွက်ခဲ့တာပဲ...ကောင်းပြီ မင်းကို ငါ လွှတ်လိုက်မယ်... မင်း ညမမှောင်ခင် ဟန်ခိုင် နဲ့ လီနန်ရှန့် ကို ငါ့ဆီ ခေါ်လာရမယ်..."

လျန့်ချောင် စကားကို ကြားလိုက်ရသောအခါ သူမ ရင်ဘတ်ကို ဖိထားသည့် ကျောက်တုံးကြီးမှာ ပြုတ်ကျသွားရသည်။

"ကျွန်မ ဟန်ခိုင် နဲ့ လီနန်ရှန့် ကို ညနေ အချိန်မီ လိုက်ပို့ပေးမယ်... ညနေရောက်တော့ မှောင်လာပြီ ဆိုတော့ တစ်နေကုန် လိုက်ရှာနေတဲ့ ဟန်ခိုင် လည်း သတိထားမိမှာ မဟုတ်ဘူး..."

လျန့်ချောင်က ပြုံးလိုက်သည်။

လင်းကျင်းရှု မြေအောက်ခန်းမှ ထွက်သွားသောအခါ သူမသည် စိတ်ကိုတည်ငြိမ်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။ သူမသည် မြေအောက်ခန်း ဝင် ပေါက်မှ ခပ်လှမ်းလှမ်းသို့ လျှောက်ပြီးနောက်တွင် သူမတင်းထားသမျှ ခွန်အားများ ပြေလျော့သွားကာ မြေပြင်ပေါ်သို့ အရုပ်ကြိုးပြတ် လဲကျသွားရသည်။ ထို့နောက် သူမသည် ကြမ်းပြင်ပေါ်သို့ လှဲချကာ သူမ၏ မျက်လုံးအိမ်မှ မျက်ရည်များ စိမ့်ထွက်လာပြီး အေးစက်နေသော ကွန်ကရစ် ကြမ်းပြင်ပေါ်သို့ ကျသွားသည်ကို တွေ့လိုက်ရသည်။ လင်းကျင်းရှု သည် ခဏမျှ တိတ်တိတ်လေး ငိုလိုက်ပြီးနောက် မတ်တပ်ရပ် သူမ ကိုယ်ပေါ်ရှိ ဖုန်မှုန့်များကို ပွတ်သပ်ခါချကာ အခန်းဆီသို့ လျှောက်သွားလိုက်သည်။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now