ဇွန်ဘီမလေးယန်ဟန်

240 30 0
                                    

Chapter 17

လီနန်ရှန့် က ကျန်းယုံ ကို စစ်ဆင်ရေးဌာန အကြီးအကဲထံ ဖြစ်ကြောင်းကုန်စင်ကို ပြောပြရန် ခေါ်လာသည်။ စစ်ဆင်ရေးဌာန၏ အရာရွိ ကျန်းဟိုင် သည် အကြောင်းစုံကို သိရပြီးနောက် ရှုကျုံးဟမ် ထံသို့ အသေးစိတ်တင်ပြပြီး တောထဲရှိ ဇြန္ဘီမ်ားကို တစ်ရှိန်ထိုး သုတ်သင်ရန် လက်နက်ကိုင်တပ်ဖွဲ့ တစ္ခုကို ဖွဲ့စည်းရန် အကြံပြုခဲ့သည်။

ရှုကျုံးဟမ် က ခဏမျှ စဉ်းစားနေသေးသည်။

"ဇွန်ဘီတွေက တောထဲမှာ ပုန်းနေတယ် ဟုတ္လား..."

လီနန်ရှန့် က သေသေချာချာ ရှင်းပြလိုက်သည်။

"ဝန်ကြီး...ကျွန်တော် တောထဲမဝင်ခဲ့ပေမယ့် ညီအစ္ကို ၁၀ယောက်ကျော် သေဆုံးသွားပါတယ်... ဇွန်ဘီတစ်ကောင်က ချန်ထောင် နောက်ကနေ လိုက္လာတာကို ကျွန်တော့်မျက်လုံးနဲ့ တပ်အပ်တွေ့ခဲ့တာပါ... ချန်ထောင် ကလည်း အဲ့ဒီဇြန္ဘီ အကိုက်ခံရလို့ ဆုံးသွားပါပြီ..."

"ဒါဆို အဖွဲ့ ၅ဖွဲ့ လွှတ်ပေးမယ် ...လုံလောက်ရဲ့လား..."

"ကျွန်တော်တို့ဌာနရဲ့ အဖွဲ့ ၁၀ ခုစလုံး တောထဲက ဇြန္ဘီအုပ္ကို နှိမ်နှင်းဖို့ ပိုက်ကွန်ပိတ်နည်းကို အသုံးပြုသင့်ပါတယ် ခင်ဗျာ..."

"ရှောင်လီ...မင်းပြောနေတာ ပိုက်ကွန်ပိတ်နည်း ဟုတ္လား..."

လီနန်ရှန့် သည် စားပွဲပေါ်ရှိ သစ်တောမြေပုံကို လက်ညိုးဖြင့် ထောက်ပြလိုက်သည်။

"အဖွဲ့ ၁၀ ဖွဲ့စလုံးဟာ အနောက်တောင်ဘက်က သစ်တောထဲကို ဖြည်းဖြည်းချင်း တောနက်ထဲအထိ ရှာဖွေမှာ ဖြစ်ပါတယ်... ဇွန်ဘီတစ်ကောင်ကိုတွေ့ရင် ချက်ချင်း သတ်ပစ်လိုက်ရင် နောက်ဆုံး သူတို့ကို နှိမ်နှင်းနိုင်မှာ အေသအခ်ာပါပဲ..."

ဝန်ကြီးက ပြုံးလိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။

"ကောင်းပြီ... နည်းဗျူဟာက ကောင်းပါတယ်... ဒါဆို အဖွဲ့ ၁၀ဖွဲ့ လွှတ်ပေးမယ်...ရှောင်လီကပဲ စစ်ဆင်ရေးကို ဦးဆောင်ပါ..."

"ဝန်ကြီး... ဒီကိစ္စကို မြန်မြန် လှုပ်ရှားသင့်ပါတယ်... မနက်ဖြန် မနက်စောစော မွာ အစီအစဉ် စတင်ဖို့ ကျွန်တော်အကြံပြုချင်ပါတယ်..."

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now