ဇွန်ဘီမလေးယန်ဟန်

170 17 0
                                    

Chapter 45

ယန်ဟန်သည် ဇွန်ဘီဘုရင် သေ ၊မေသကို မသိရသဖြင့် သူ့ကိုရှာရန် ကျွန်းဧရိယာသို့ မသွားဝံ့သောကြောင့် သူမတို့အတူ ပုန်းအောင်းခဲ့သော မြေအောက် ကားပါကင်သို့ ပြန်သွား၍ စောင့်နေခဲ့သည်။ သူမသည် မြေအောက်ကားပါကင်တွင် နှစ်ရက် ၊ သုံးရက်ကြာအောင် စောင့်ခဲ့သော်လည်း ဇွန်ဘီဘုရင်မှာ ပေါ်မလာသေးပေ။

ယန်ဟန် သည် ဖြစ်နိုင်ခြေများကို တွေးနေရင်း မြေအောက် ကားပါကင်၏ အခန်းငယ်လေးတွင် အထီးကျန်စွာဖြင့် ကြောင်စီစီ ထိုင်နေမိသည်။ ယန်ဟန်သည် သူမကိုယ္သူမ ဇွန်ဘီဘုရင်ကို သွယ်ဝိုက်၍ သတ်ခဲ့သည် ဟု အပြစ်တင်နေမိသည်။

ယန်ဟန်သည် မြေအောက်ကားပါကင်တွင် ပုန်းအောင်းနေသည့် ၄ရက်မြောက်နေ့တွင် ယွင်ကျင့်မြို့မှ လွတ်မြောက်နိုင်မည့် နည်းလမ်းကို စဉ်းစားနေခဲ့သည်။ သူမသည် ဇွန်ဘီတစ်ကောင်ဖြစ်ပြီး နေကိုပင် မမြင်ရသော ပိုးကောင် တစ်ကောင်မဟုတ်ပေ။ထို့ကြောင့် သူမ မည်သည့်အကြောင်းနှင့်မျှ ပုန်းအောင်း၍ မနေချင်တော့ပေ။

မြေအောက်ခန်းတွင် ပုန်းအောင်းနေရာမှ ထွက်လာနိုင်ရန်မှာ ကျီကျောက်ယန်ကို သတ်ပစ်ခြင်း သို့မဟုတ် ကျွန်းသို့ ထွက်ပြေးခြင်း စသည့်နည်းလမ်း နှစ်မျိုးသာ ရှိလေသည်။

ပထမနည်းသည် မဖြစ်နိုင်သည့် ကိစ္စဖြစ်ပြီး ဒုတိယနည်းမှာ အန္တရာယ်ရှိသည်။ ယွင်ကျင့် မြို့မှ ထွက်ခွာရန် နည်းလမ်း နှစ်သွယ်ရှိပြီး တစ်နည်းမှာ အနောက်တောင်ဘက်ရှိ အခြားမြို့များသို့သွားရန်ဖြစ်ပြီး နောက်တစ်နည်းမှာ ကျွန်းသို့ လှေလှော်၍ သွားရန်ဖြစ်သည်။ ယန်ဟန်က အတန်ကြာ စဉ်းစားပြီးသည်နှင့် ကျွန်းကိုသွားရန်သာ ဆုံးဖြတ်လိုက်လေသည်။

ကျွန်းကို သွားရန် သငေ်္ဘာဆိပ်ကို အရင် သွားရပေမည်။ ယွင်ကျင့် မြို့ရှိ သငေ်္ဘာဆိပ်များမှာ အခြေခံအားဖြင့် ခရိုင်နှစ်ခုတွင် သာရှိပြီး တစ္ခုမွာ ကျွန်းဧရိယာပြီး က်န္တစ္ခုမွာ လင်းကျိုး ဒေသဖြစ်သည်။ ကျွန်းဧရိယာကို သြား၍ မဖြစ်နိုင်သောကြောင့် ယန်ဟန်သည် လင်းကျိုး ဒေသသို့သာ သွားရမည် ဖြစ်လေသည်။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now