ဇွန်ဘီမလေးယန်ဟန်

481 50 0
                                    

Chapter 3

ဇြန္ဘီမ်ားအားလုံး ပြေးထွက်သွားသည်နှင့်တပြိုင်နက် ဟန်ခိုင်သည် အလျင်အမြန်ဖြင့် ဆေးရှာရန်အတွက် ဆေးဆိုင်သို့ ပြေးတော့သည်။

ဆေးဆိုင်ထဲတွင် များပြားလှသော ဆေးများရှိနေပြီး ဟန်ခိုင်မှာ ရှည်လျားလှတဲ့ဆေးနာမည်များကို အာရုံစူးစိုက်ကာ ကြည့်နေသည့်အတွက် ဇွန်ဘီမတစ်ကောင် သူ့အားစိုက်ကြည့်နေသည်ကို သတိမထားမိပေ။

ယန်ဟန် သူမလက်တွေကို ရင်ဘတ်နားမှာထားရင်း ခေါင်းကိုစောင့်ကာ သူမရှေ့တွင် ဆေးတွေရှာနေသော ကြည့်ကောင်းသည့် အမျိုးသားကို ကြည့်နေမိသည်။ ထို့နောက် သူမ ပိုပြီးနားမလည်ဖြစ်လာသည်။ သူမ သူ့ကိုကယ်ဖို့မလိုဘူးလား...

ယန်ဟန် အပြည့်အဝနားမလည်ပေ။ အောက်ထပ်၌ များပြားလှသော ဇွန်ဘီလှိုင်းလုံးကြီးရှိနေသည်။ ထိုဇြန္ဘီမ်ားမွာ အလွန်ထူးဆန်းသည်။ ပုံမှန်အားဖြင့် သူတို့က အဖိုးအိုကြီးတွေလို လမ်းလျောက်ကြသည်။ သူတို့တွေက အသက်ရှင်နေတဲ့လူသားကိုတွေ့တာနဲ့ သူခိုးတွေလိုမျိုး အလျင်အမြန်ပြေးလိုက်ကြသည်။

အံ့ဩဖို့ကောင်းသည့်ဇွန်ဘီများက ဟန်ခိုင်ကိုတွေ့သည်နှင့်တပြိုင်နက် ချက်ချင်းပဲအာရုံရသွားပြီး စိတ်လှုပ်ရှားနေသော အော်ညည်းသံများနှင့်အတူ ဆေးဆိုင်ထဲသို့ ပြေးဝင်လာကြသည်။

ဟန်ခိုင်သည် ဆေးဗူးများအား ကျောပိုးအိတ်အတွင်းသို့ထည့်ပြီး ကျေနပ်စွာကြည့်လိုက်သည်။ သို့သော် သူ့ခေါင်းကိုလှည့်လိုက်သည်နှင့်တစ်ပြိုင်နက် များပြားလှသော ဇွန်ဘီလှိုင်းလုံးကြီးက သူ့ဆီသို့ခုန်ဝင်လာနေသည်ကို တွေ့လိုက်ရသည်။

သူက ချက်ချင်းပဲ သေနတ်ထုတ်ကာ ဇွန်ဘီကိုပစ်လိုက်သည်။ မိုက်ရူးရဲဆန်တဲ့သေနတ်သံရဲ့ အကျိုးဆက်က ဇွန်ဘီတစ်ချို့ကိုသေဆုံးစေပြီး ကျည်ဆန်အချို့ကုန်သွားသည်။

''တော်တော်မိုက်ရူးရဲဆန်တာပဲ''

ယန်ဟန် မတတ်သာစွာနှင့် နှလုံးသားထဲမှာပြောလိုက်မိသည်။ ဇွန်ဘီများနှင့် အလုပ်ရှုပ်နေသော ဟန်ခိုင်အား အသက်မပါသည့်အကြည့်များနှင့် စိုက်ကြည့်နေလိုက်သည်။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now