ဇွန်ဘီမလေး ယန်ဟန်

591 12 0
                                    

Chapter 107 (End)

R ဗိုင်းရပ်စ်ကို လေ့လာပြီးနောက် ယန်ဟန်သည် စမ်းသပ်မှတ်တမ်းစာအုပ်တွင် အသေးစိတ် မှတ်တမ်းများ ရေးမှတ်လိုက်ပြီး ကာကွယ်ဆေးကို အခြား၏ ခန္ဓာကိုယ်ထဲသို့ ထပ်မံထိုးသွင်းခဲ့သည်။ ယန်ဟန်သည် ဇွန်ဘီ၏ အပြောင်းအလဲများကို စောင့်ကြည့်ရင်း နာရီပေါ်တွင် အချိန်ကို လည်း မှတ်နေခဲ့သည်။ နှစ်မိနစ်ခန့်ကြာသည်နှင့် ဇွန်ဘီသည် ဖြစ်စဥ် အစမှအဆုံးအထိ ငြိမ်နေပုံရသော်လည်း သူ့ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ပြောင်းလဲလာပြီး စောစောကဇွန်ဘီနှင့်  ပိုတူလာသည်ကိုတွေ့လိုက်ရ၏။

ယန်ဟန်သည် ယခင်ပုံစံအတိုင်း ဆက်လုပ်ခဲ့ပြီး ဇွန်ဘီ၏အသားစတွင် R ဗိုင်းရပ်စ်ရှိမရှိ စစ်ကြည့်လိုက်ရာ  R ဗိုင်းရပ်စ် မရှိတော့ပေ။ ကာကွယ်ဆေးသည် ပုံမှန်အပူချိန်တွင်ဖြစ်စေ အပူချိန်နိမ့်သော နေရာတွင်ဖြစ်စေ ဇွန်ဘီများရှိ R ဗိုင်းရပ်စ်ကို လုံးဝသတ်ပစ်နိုင်လေသည်။ သူမ လုံးဝ စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။

ဟန်ခိုင် ပြောတဲ့အတိုင်း တစ်ကယ်ဟုတ်လေရော့သလား....

ဤဇွန်ဘီများသည် သေဆုံးခဲ့သည်မှာ ကြာမြင့်ပြီ ဖြစ်သောကြောင့် ကာကွယ်ဆေးသည် ဇွန်ဘီများ၏ ဗိုင်းရပ်စ်ကို သတ်နိုင်သော်လည်း ပုံမှန်လူပြန်မဖြစ်ဘဲ အလောင်းအဖြစ်သာ ပြန်လည်ရရှိနိုင်မည် ဖြစ်သည်။

ယန်ဟန်သည် ဓာတ်ခွဲခန်းမှ ထွက်လာလိုက်ရာ ဟန်ခိုင် အနားတွင် စခန်းရှိ လူအားလုံး ရောက်နေကြသည်ကို မြင်လိုက်ရသည်။ စွန်းကျားရှီ က ယန်ဟန် ကိုမြင်သည်နှင့် ချက်ချင်းပင် ရှေ့သို့လျှောက်လာပြီး မေးလိုက်သည်။

"ပရော်ဖက်ဆာ ယန်... ကာကွယ်ဆေး အဆင်သင့်ဖြစ်ပြီလား..."

ယန်ဟန်က သူ့ကို ဂရုမစိုက်ဘဲ စမ်းသပ်စင် ဆီသို့ လျှောက်သွားကာ ကာကွယ်ဆေး၏ ပြဿနာကို သိနိုင်ရန်  စမ်းသပ် မှတ်တမ်းစာအုပ်ကို ဖွင့်လိုက်သည်။ စွန်းကျားရှီ ကလည်း နောက်ကလိုက်ပြီး မေးလိုက်သည်။

"ပရော်ဖက်ဆာ ယန်... ကာကွယ်ဆေးကို အများကြီး ထုတ်နိုင်မလား .."

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now