ဇွန်ဘီမလေးယန်ဟန်

848 54 0
                                    

Chapter 2

၂၀၂၅ ခုနှစ်,

ယွင်ကျင့်မြို့တော်တွင် ဇွန်ဘီကူးစက်မှုများ ဖြစ်ပေါ်နေသည်။ အသက်ရှင်ကျန်ရစ်သူ လူသားမ်ားက ဗိုင်းရပ်စ်ကိုကုသဖို့ရန်အတွက် နည်းလမ်းများကို လက်မလျော့သေးပေ။ ယွင်ကျင့်မြို့တော်ဝန်က ရောဂါထိန်းချုပ်မှုစင်တာကို အထူးတည်ဆောက်ပြီး သုတေသနလုပ်ငန်းစဉ်များကို လုပ်ဆောင်နေသည်။

''ကျောင်းသားတွေအတွက် မင်းလိုအရမ်းတော်တဲ့ ပရော်ဖက်ဆာမျိုး မမြင်ဖူးဘူး... '' လီနန်ရှန့်က လှေကိုကမ်းသို့ကပ်ရင်း ပြောလိုက်သည်။

သို့ပေသိ သူ၏ အထွန့်တက်ခြင်းကိုခံရသည့် လူက တိတ်ဆိတ်နေသည်။

ဟန်ခိုင် က ဘာမှပြန်မပြောပေ။ လီနန်ရှန့် က လှေပေါ်မှ ခုန်ဆင်းလိုက်ပြီး ရေရွတ်လိုက်သည်

'' ငါပြောရရင်.. တာဝန်ကိုရှောင်ပြီး လှေကားပေါ်က တမင်လှိမ့်ချလိုက်တဲ့အကြောင်း လီယုယု နဲ့အခုလေးတင်ပြောလာတာ... သူတို့အိပ်ဆောင်က လှေကားအတွေများကြီးနားမှာလေ ပြီးတော့ သာမန်လူတွေက ဓါတ်လှေကားပဲသုံးတယ်။ အန္တရယ်ကင်းကင်းနဲ့ ဘယ်လောက်များများ သွားနိုင်မှာမို့လို့လဲ... တာဝန်ကိုရှောင်ဖို့အတွက် တမင်လုပ်တာမှ မဟုတ်ရင် ဘာဖြစ်ရမှာလဲ''

ဟန်ခိုင် ပြုံးလိုက်ပြီး ဒေါသထွက်နေတဲ့ လီနန်ရှန့်ကို လက်မထောင်ပြလိုက်သည်။ သူက ဟာသစြက္ကာ ပြောလိုက်သည်။

'' မင်းက မိန်းမကြီးလို ဒေါသထွက်နေတာပဲ''

လီနန့်ရှန်က မှုန်မှိုင်းတဲ့အကြည့်နဲ့ ကြည့်လိုက်ပြီး တဖက်သို့လှည့်ကာ သူ့နောက်မှလူကို အော်လိုက်သည်။

'' ဟေး ... မသေချင်ရင် အနားကပ်ပြီးလိုက်ခဲ့ကြ''

လီနန်ရှန့်က တဖက်သို့လှည့်ကာ ဟန်ခိုင်ကို ပြုံးပြလိုက်ပြီး '' အကို ဒီလိုနေရာကို မင်းအတွက်ငါလိုက်ခဲ့တာနော်.. ကျေးဇူးတင်ဖို့ နည်းနည်းပါးပါးစဉ်းစားပါဉီး''

လီမိသားစုနဲ့ ဟန္မိသားစုက သူငယ်ချင်းတွေဖြစ်သည်။ ပြီးတော့ လီနန်ရှန့်နှင့် ဟန်ခိုင်က ငယ်ငယ်ကတည်းက အတူကြီးပြင်းလာကြသည်။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now