ဇွန်ဘီမလေး ယန်ဟန်

132 12 0
                                    

Chapter 86

ထိုစကားကို လူတိုင်း ကြားလိုက်ရသောအခါ  အော်ဟစ်လိုက်သည့် မျက်မှန်တပ်ထားသော အမျိုးသားကို လှည့်ကြည့်လိုက်ကြသည်။ လူအုပ်ကြီးက သူ့ကို စိုက်ကြည့်နေကြသဖြင့် ချက်ချင်းပင် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး ချောင်းတစ်ချက်ဟန့်လိုက်ပြီး   မျက်မှန်ကို ဟန်ပါပါ ပင့်တင်လိုက်သည်။

“အစောင့်ပြောတာ မှန်တယ်ဆိုရင် သူမရဲ့ အသားစထဲက Antigen ကို ထုတ်ယူထားနိုင်သရွေ့ R ဗိုင်းရပ်စ်ရဲ့ Antigen ကို ကျွန်တော်တို့ရနေမှာပဲ...ယွင်ကျင့်မြို့တင် မဟုတ်ဘူး.. တစ်ကမ္ဘာလုံးက ဇွန်ဘီတွေက သူမလို သာမန်လူတွေ ပြန်ဖြစ်သွားနိုင်တယ်..."

ထိုလူက ပြောလိုက်သည်နှင့် ပတ်ဝန်းကျင်မှ လူအများက ချက်ချင်း တီးတိုး  ပြောဆိုနေကြသည်။ လူတချို့ကလည်း  တံခါးအပြင်ဘက်တွင် ရပ်နေသည့် ယန်ဟန်ကို လှည့်ကြည့်လိုက်ကြသည်။

လီနန်ရှန့် သည် တံခါးအပြင်ဘက်တွင် ရပ်နေရသဖြင့် အနည်းငယ် စိတ်တိုလာရသည်။

"ဟေ့ ခင်ဗျားတို့ ပြောပြီးပြီလား...ပြီးသွားရင်လည်း တံခါးဖွင့်ပြီး ကျွန်တော်တို့ကို ဝင်ခိုင်းလိုက်တော့....”

တံခါးစောင့်က တပ်မတော် ဝန်ကြီးကို ကြည့်ပြီး မြို့တော်ဝန် စွန်း ကို တစ်ဖန် ကြည့်လိုက်ပြန်ရာ နှစ်ယောက်လုံး ခေါင်းညိတ် လိုက်ကြသဖြင့် တံခါးကို အမြန်ဖွင့်ပေးလိုက်သည်။

ဟန်ခိုင် သည် ကမ္ဘာကြီးကို ကယ်တင်ရမည့်အကြောင်း ပြောလိုက်သော လူကို ကြည့်လိုက်ရာ ထိုလေးထောင့်မျက်မှန်တပ်ထားသည့်လူကို သူသိသည်။ သူ့နာမည်မှာ ကျိုး ဖြစ်သည်။ သူသည် CDC ၏ ပရော်ဖက်ဆာတစ်ဦး၏ လက်အောက်မှ သုတေသီတစ်ဦးဖြစ်သည်။ သူ့ထက် အများကြီးငယ်ပြီး သူ၏ သူ၏သုတေသနဆိုင်ရာ စွမ်းရည်မှာ ပျမ်းမျှသာ ဖြစ်သည်။

သူတို့ သုံးယောက်မှာ မူလက အနားယူရန် အခန်းကို ချက်ချင်း ပြန်သွားမည်ဟု တွေးထားသော်လည်း ထွက်သွားခါနီးတွင် ယန်ဟန်ကို မျက်မှန်တပ်ထားသည့် လူက ဆွဲခေါ်သွား၏။ ယန်ဟန်က လက်ကို ဆုပ်ကိုင်ထားသူကို မရုန်းကန်ဘဲ တည်ငြိမ်စွာ ကြည့်နေ၏။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now