ဇွန်ဘီမလေးယန်ဟန်

250 31 0
                                    

Chapter 15

အချိန်ကုန် သက်သာရန်အတွက် လီနန်ရှန့် သည် အဖွဲ့ကို A,B နှင့် C ဟူ၍ အုပ္စု ၃စုခြဲကာ ကျွန်းပေါ်ရှိ လမ်းကြောင်းသုံးခုမှ သစ်တောများကို တပြိုင်တည်း ကင်းလှည့်ရန် စီစဉ်ထားသည်။အဖွဲ့တစ်ခုစီ၏ တာဝန်ခံသည် စကားပြောစက်ကို အသုံးပြု၍ ပြဿနာ ကြုံရသည့်အခါ ချက်ချင်းသတင်းပို့နိုင်သည်။

"အုပ္စု A ရဲ့ တာဝန္ခံက ငါပဲ... အုပ္စု B က ထောင်ကျီ...အုပ္စု C ရဲ့ တာဝန္ခံက အားယုံ... အုပ္စု A က မြောက်ဘက်က သစ်တောတွေ...အုပ္စု B က အနောက်တောင်ဘက်က သစ်တောတွေ... အုပ္စု C က အရှေ့တောင်ဘက်က သစ်တောတွေ... ဒီမစ်ရှင်ရဲ့ ရည်ရွယ်ချက်က တောထဲမှာ ဇွန်ဘီတွေ ရွိမရွိ စစ်ဆေးဖို့ ဖြစ်တယ်... ဒါကြောင့် ဘေးကင်းဖို့က ပထမ ဦးစားပေးပါ...ဘယ်အဖွဲ့မဆို ဇွန်ဘီတွေရဲ့ သဲလြန္စကို တွေ့ရင် ချက်ချင်း ပြန်ဆုတ်ပြီး သတင်းပို့ရမယ်...နားလည်လား..."

လီနန်ရှန့် သည် အဖွဲ့သားများ ပျင်းနေကြသည်ကို မြင်လိုက်ရသောကြောင့် အသံကို မြှင့်၍ ပြောလိုက်သည်။

"နားလည်ပါတယ်..."

တစ္ညလုံး ကင်းလှည့်ခဲ့ရ၍ အဖွဲ့သားများ ပင်ပန်းနေမှန်း လီနန်ရှန့် သဘောပေါက်သော်လည်း လူအမ်ား ဘေးကင်းရေးအတွက် ရွေးချယ်စရာ မရှိတော့ပေ။

"နားလည်ရင် အလုပ္စပါ..."

သစ်တောများသည် ကျွန်းအစွန်းတွင် ရှိပြီး သစ်တောထူသဖြင့် နေပြောက်မထိုးဘဲ အုံ့မှိုင်းနေကြသည်။

"အစ္ကို ထောင်...ခေါင်းဆောင်လီက ဘာကိုဆိုလိုတာလဲ...ကျွန်တော်တို့ တစ္ညလုံး ကင်းလှည့်ရတယ်... နေ့ခင်းဘက်မှာ သစ်တောထဲ ကင်းလှည့်တာကို ကျွန်တော်တော့ သေဘာမက်ဘူး...."

ချန်ထောင် သည် မကျေမနပ်ဖြစ်နေသော အဖွဲ့သားများကို ဒေါသတကြီးပြောလိုက်သည်။

"မင်းက ခေါင်းဆောင် စီစဉ်ပေးတဲ့ တာဝန္ကို မလုပ်ချင်တာလား.."

"အစ္ကိုရော မေတြးမိဘူးလား...အစ္ကို က အုပ္စု B ရဲ့ အကြီးအကဲပါ...ကျွန်တော် အစ္ကို့ကို ထင်ထားတာက..."

စကားမဆုံးမီ ချန်ထောင် က စိတ်မရှည်စွာဖြင့် ကြားဖြတ်ပြောလိုက်သည်။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now