ဇွန်ဘီမလေးယန်ဟန်

163 19 0
                                    

Chapter 50

ယန်ဟန် လင်းဟယ်၏ အိမ်မှ ထွက်ခွာလာပြီး တတိယမြောက်ညတွင် လင်းကျိုး ဒေသရှိ သငေ်္ဘာဆိပ်သို့ ရောက်လာခဲ့သည်။ သူမ အမှောင်ထဲတွင် ပုန်းပြီး စောင့်ကြည့်နေရာ သငေ်္ဘာဆိပ်တွင်ဇွန်ဘီများစွာ ရှိနေကြောင်း တွေ့လိုက်ရလေသည်။သူမ က အနီးကပ် အေသအခ်ာ ကြည့်လိုက်ရာ ကံကောင်းစွာပင် ကျီကျောက်ယန် ကို မတွေ့ရပေ။

ယန်ဟန် သက်ပြင်းချလိုက်သည်။ ကျီကျောက်ယန် က ပို၍ အစွမ်းထက်သည်ဆိုလျှင်တောင် သူသည် ဇွန်ဘီတစ်ကောင်မျှသာ ဖြစ်သဖြင့် ကျွန်းဧရိယာနှင့် လင်းကျိုးဒေသကို တစ်ပြိုင်တည်း ထိန်းချုပ်ထားနိုင်မည် မဟုတ်ပေ။

အလြန္ဆုံးမွ ကျီကျောက်ယန်သည် ဇြန္ဘီမ်ားကို သူ၏ မ်က္စိ နှင့် နားများသဖွယ် သငေ်္ဘာဆိပ်တွင် ထောက်လှမ်းခိုင်းထားပြီး သူမကို တွေ့သည့်အခါ အချက်ပြခိုင်းထားခြင်း ဖြစ်ပေလိမ့်မည်။

ယန်ဟန် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ယခုညတွင် တိမ္မ်ား ထူထပ်ပြီး လရောင် မရှိသောကြောင့် ဘုရားသခင်က သူမကို မျက်နှာသာ ပေးသည်ဟု ဆိုရပေမည်။သူမ တစ္ကိုယ္လုံး အနက်ရောင် ၀တ်ထားပြီး လမဲ့ညတွင် လျှောက်လှမ်းလာခဲ့သည်။

သငေ်္ဘာဆိပ်ကို စောင့်ကြပ်နေသော ဇွန်ဘီများသည် သူမကို မမြင်နိုင်လောက်ဟု ခန့်မှန်းရပေသည်။ အနံ့နှင့် ပတ်သတ်၍လည်း သူမသည် ဇြန္ဘီ တစ်ကောင်ဖြစ်၍ စိတ္ပူစရာ မလိုပေ။

ညချမ်း၏ ပင်လယ်လေညင်းသည် တဖြူးဖြူး တိုက်ခတ်နေသဖြင့် သငေ်္ဘာဆိပ် တစ္ခုလုံး လှိုင်းပုတ်သံများဖြင့် ဆူညံနေတော့သည်။ ထို့ကြောင့် သငေ်္ဘာဆိပ်နားသို့ ညင်သာစွာ ချဉ်းကပ်မည် ဆိုပါက ခြေသံကို လုံးလုံး ဖုံးကွယ်သွားနိုင်သည်။

မည်သို့ပင်ဆိုစေ ယန်ဟန်သည် နောက်ထပ် တစ်မိနစ် ၊နှစ်မိနစ်ခန့် ဆက်လက် စောင့်ကြည့်ခဲ့ရာ ဇွန်ဘီဘုရင် သည် အမှန်တကယ် အနီးနားတွင် မရှိသည်ကို တွေ့ရှိသဖြင့် သငေ်္ဘာဆိပ်သို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။

ယန်ဟန်သည် သငေ်္ဘာဆိပ်တွင် လှေတစ်စင်းရှာရန် ဇြန္ဘီ အုပ်စုကြားထဲတွင် ခက်ခက်ခဲခဲ လျှောက်လာခဲ့ရသည်။ ဇွန်ဘီများသည် အလွန် ပြည့်ကြပ်နေသဖြင့် အကယ်၍ ဇွန်ဘီတစ်ကောင်ကသာ သူမကို ရိပ္မိသြားပါက သူမ ချက်ချင်းပင် သေဆုံးသွားလိမ့်မည်ဟု ယူဆရလေသည်။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now