ဇွန်ဘီမလေးယန်ဟန်

185 25 0
                                    

Chapter 41

ဇွန်ဘီဘုရင် လမ်းလယ်တွင်ရပ်နေပြီးသိပ်မကြာမီ ကျီကျောက်ယန် က ဒေါသထွက်နေပုံဖြင့် ရောက်လာလေ၏။ ကျီကျောက်ယန် သည် ဇြန္ဘီ ဘုရင် ကိုမြင်သောအခါ ချက်ချင်းပင် တည့်တည့် ပြေးလာပြီး ရိုက်နှက်လိုက်သည်။

ယန်ဟန်က ရှော့ပင်းမောလ်၏ တံခါးနောက်တွင်ရပ်နေရင်း ချောင်းကြည့်နေရာ ဇွန်ဘီဘုရင် သည် ခွန်အား အရာတွင်သာမက ဖျတ်လတ်သည့် နေရာတွင်ပါ ကျီကျောက်ယန် နှင့် မယှဉ်နိုင်ကြောင်း တွေ့ရလေသည်။

ထို့နောက် ကျီကျောက်ယန် က ဇွန်ဘီဘုရင်ကို မြေပြင်ပေါ်သို့ လှဲချလိုက်ပြီး ဇွန်ဘီဘုရင်၏ ဝမ်းဗိုက်ကို ထိုးဖောက်ရန် လက်သည်းများကို ဆန့်ထုတ်လိုက်သည်ကို ယန်ဟန် မြင်လိုက်ရသဖြင့် ကျီကျောက်ယန် ၏ ခေါင်းကို သေနတ်ဖြင့် ချိန်လိုက်ပြီး ပစ်လိုက်လေသည်။

သို့သော်လည်း ကျီကျောက်ယန်က ကျည်ဆန်ကို အသာကေလး တိမ်းရှောင်လိုက်သဖြင့် သူမ အံ့အားသင့် သွားရလေသည်။

ထို့နောက် ယန်ဟန် သည် ကျီကျောက်ယန်၏ ဦးခေါင်းကိုသာ ချိန်ရွယ်မနေတော့ဘဲ တရစပ် ပစ်ခတ်လေတော့သည်။ထိုအခါ ကျီကျောက်ယန် သည် ဇွန်ဘီဘုရင်၏ ဝမ်းဗိုက်ကို ထိုးမေနေတာ့ဘဲ ယန်ဟန် ဆီသို့ တစ်ဟုန်ထိုး ပြေးလာလေသည်။

ရုတ်တရက် ကျီကျောက်ယန် သည် ယန်ဟန် ဆီ ပြေးလာနေရာမှ ခြေလှမ်းမှာ ရပ်တန့်သွားလေသည်။ အကြောင်းမှာ သူ့အာရုံထဲတွင် ဖရိုဖရဲဖြစ်နေသော ပုံရိပ်များစွာသည် တဖျပ်ဖျပ် ပေါ်လာခြင်းကြောင့် ဖြစ်လေသည်။ သူ့အသိစိတ်ထဲတွင် ရှော့ပင်းမောလ်၏ တံခါးနောက်တွင် ပုန်းနေသော ထိုဇြန္ဘီမ,က သူ့ကို ကိုက်နေပုံကို မြင်ယောင်လာပြီး ဦးခေါင်းထဲတွင်လည်း နာကျင်သည့် ဝေဒနာမှာ လျှပ်တပြတ် ဖြတ်ဖြတ်သွားလေသည်။ထိုနာကျင်မှုသည် တဖြည်းဖြည်း အဆတစ်ရာမက ပို၍ နာကျင်လာပြီး ခေါင်းတစ်ခုလုံးပါ နာကျင်ကိုက်ခဲနေလေ၏။

နောက်ဆုံးတွင် ကျီကျောက်ယန် သည် သူ၏ခေါင်းကို လက်ဖြင့် တင်းတင်းကြပ်ကြပ် အုပ်ကိုင်လိုက်ပြီး စိတ်ထဲတွင်လည်း စိတ်ပျက် အားငယ်သည့် ခံစားခ်က္တို့ ရောပြွန်းနေကာ အသံနက်ကြီးဖြင့် အော်လိုက်လေသည်။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now