ဇွန်ဘီမလေးယန်ဟန်

241 28 0
                                    

Chapter 20

လီနန်ရှန့် သစ်ပင်ပေါ်မှဆင်းလာသောအခါ ကျိုးကျစ်ဟန် က သူ့ကို သိချင်စိတ်ဖြင့် မေးလိုက်သည်။

"နန်ရှန့်...တကယ့်ကို ထူးဆန်းတယ်... လီရှင်းယု သေဆုံးပြီးတာနဲ့ ဇွန်ဘီတွေ ဖရိုဖရဲ ဖြစ်ကုန်တာပဲ..မင်းဘယ်လိုသိတာလဲ..."

"ကျွန်တော်လည်းမသိဘူး.... ကျွန်တော့်စိတ်ထင်ပါ...တျခား ဇွန်ဘီတွေက အပြင်းအထန် တိုက်ခိုက်နေကြချိန်မှာ လီရှင်းယု က အေဝးမွာ ပုန်းနေတယ်လေ... ပြီးတော့ သူမရဲ့ အမူအရာက အရမ်း ထူးဆန်း နေတယ်...ဒါကြောင့် လီရှင်းယုကိုသတ်ဖို့ သစ်ပင်ပေါ်တက်လိုက်တာ... ပထမ ပစ်ချက် လွတ်သွားပြီး လီရှင်းယု က လှည့်ပြီး ကျွန်တော့်ကို စိုက်ကြည့်နေတာ...ပြီးတော့ ဇွန်ဘီတွေအားလုံးက ကျွန်တော်ရှိတဲ့ သစ်ပင်ဆီ ပြေးလာတော့တာပဲ...အဲ့ဒါကြောင့် ကျွန်တေယ် ခန့်မှန်းတာ မလွဲဘူးဆိုပြီး ပစ္လိုက္တာ..လီရှင်းယုက အေဝးကေန ထိန်းချုပ်နေတာ သေချာပါတယ်..."

ကျိုးကျစ်ဟန် က သေဘာက်စြာ ပြောလေသည်။

"မင်းရဲ့ စိတ်အထင်ကြောင့်သာပဲ... မဟုတ်ရင် ငါတို့ ဒီမွာ သေသွားလိမ့်မယ်..."

လီနန်ရှန့် က ခါးသီးသော အပြုံးဖြင့် ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။

"ဒီစစ်ဆင်ရေးမှာ ကျွန်တော် အမှားလုပ်မိခဲ့တယ်...ပိုက်ကွန်ပိတ်နည်းဗျူဟာက က်ရွုံးဖို့ လြယ္တယ္လို့ ကျွန်တော်တွေးမိခဲ့ရမှာ... လူတချို့ကို ပိုက်ကွန်ပိတ် နည်းဗျူဟာမှာ ပါဝင်ခွင့်ပေးပြီး လူတချို့ကို တောပြင်မှာ စောင့်ခိုင်းထားရမှာ..."

ကျိုးကျစ်ဟန် ကပုခုံးကို ပုတ်လိုက်ပြီး နှစ်သိမ့်လိုက်သည်။

"အဲဒီဇွန်ဘီတွေက ဉာဏ်ကောင်းလိမ့်မယ်လို့ ဘယ္သူသိမွာလဲ...ညီလေး.. ကိုယ့်ကိုယ်ကို သိပ်အပြစ်တင်မနေပါနဲ့..."

လီနန်ရှန့် သည် ဤစစ်ဆင်ရေး ကျရှုံးခြင်း၏ အကျိုးဆက်များအား ခံနိုင်ရည်ရှိမည်ကို သိလျက်နှင့် စိတ်ရှုပ်စွာ သက်ပြင်းချလိုက်သည်။

"အားလုံး မြန်မြန်ပြန်ဆုတ်ကြ"

အဖွဲ့သားအားလုံး တောပြင်မှ နေရာလွတ်ကို ဆုတ်ပြီးနောက် လီနန်ရှန့် က တန်းစီရပ်စေလိုက်သည်။ထို့နောက် အဖွဲ့တစ်ဖွဲ့စီ၏ ကပ္ပတိန်များကို အသေအပျောက် အေရအတြက္ကို အစီရင်ခံခိုင်းရာ စုစုပေါင်း ၁၆ ဦး သေဆုံးပြီး ၂၃ ဦး အကိုက်ခံရသည်။ထို့နောက် လီနန်ရှန့် သည် အကိုက်ခံရသော အဖွဲ့သားများကို ထွက်လာရန် အမိန့်ပေးလိုက်ပြီးအဖွဲ့သားများ၏ စိတ်ပျက်အားငယ်နေသော မျက်နှာများကို စိတ်မသက်မသာ ကြည့်လိုက်သည်။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now