ဇွန်ဘီမလေး ယန်ဟန်

163 16 0
                                    

Chapter 63

“တပ်ခွဲမှူး...ကျွန်တော်က ဝမ်ရှင်းကျန့် ပါ... ကျွန်တော် ကင်းစောင့်နေချိန်မှာ ရေခဲပြင်ပေါ်ကို ဖြတ်ပြီး ဇွန်ဘီတွေ အများကြီးလာနေတာကို တွေ့ခဲ့ရပါတယ်.... ကျွန်းနဲ့ သိပ်မဝေးဘူး...နာရီဝက်အတွင်း သူတို့‌တွေ ကျွန်းပေါ်ကို ရောက်လာကြမယ် ထင်တယ်... တပ်ခွဲမှူး...အချိန်မရှိတော့ဘူး...ရေခဲတွေကို ဖောက်ခွဲပစ်ဖို့ ‌တပ်ဖွဲ့အင်အား‌တွေ လွှတ်ပေးပါ...”

ဖုန်းထဲတွင် ဝမ်ရှင်းကျန့် ၏ အသံဆုံးသွားသည်နှင့် အိမ်အပြင်ဘက်မှ ကျယ်လောင်သည့် အချက်ပေးသံကို ကျန့်ဟိုင် ကြားလိုက်ရလေသည်။ သူ စဉ်းစားမနေတော့ဘဲ ချက်ချင်းပင် အဝတ်အစားလဲလိုက်ပြီး သူ့စိတ်ထဲတွင် အရည်အချင်းရှိသည် ဟု ထင်သော စစ်ဆင်ရေး အဖွဲ့၀င်များစွာကို လှမ်းခေါ်လိုက်တော့သည်။

ကျန့်ဟိုင်  လက်နက်ကိုင်တပ်ဖွဲ့ဌာနသို့ ရောက်သောအခါ သူခေါ်ယူထားသော အဖွဲ့ဝင်များသည် ဖောက်ခွဲရေးပစ္စည်းများကို ထုပ်ပိုးပြီး ကျွန်းနယ်စပ်သို့ သွားနေကြပြီ ဖြစ်သည်။  ခေါင်းဆောင်မှာ လီနန်ရှန့် ဖြစ်၏။ ကျန့်ဟိုင် သည် လက်နက်ကိုင်တပ်ဖွဲ့ဌာနသို့ ပြေး၍သွားနေသည်ကို လီနန်ရှန့် မြင်သောအခါ အမြန်ပြေးလာသည်။

“တပ်ခွဲမှူး...ဖောက်ခွဲရေးပစ္စည်းတွေ ယူဖို့ ညီအစ်ကိုတွေကို ကျွန်တော် ပြောထားပြီးပါပြီ...အခု သူတို့အားလုံး ကျွန်းနယ်စပ်ကို သွားနေကြပြီ...”

ကျန့်ဟိုင် အနည်းငယ် အံ့သြသွား‌ရသော်လည်း ယခု‌အခြေအနေသည် အလွန်အရေးကြီးနေသဖြင့်  တပ်ဖွဲ့ဝင်များကို ရှင်းပြရန် မချိန်မရှိပေ။

လီနန်ရှန့် က ဘယ်လိုများ စီစဥ်လိုက်တာလဲ...

သို့သော်  လီနန်ရှန့် ကိုမေးရန် အချိန်မရှိသဖြင့် ကမန်းကတန်း ပြောလိုက်သည်။

"မြန်နိုင်သမျှ မြန်မြန်သွားကြ...ဇွန်ဘီတွေကို ကျွန်းပေါ် မတက်စေနဲ့...."

လီနန်ရှန့် က လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။

ကျန့်ဟိုင် သည် လက်နက်ကိုင် တပ်ဖွဲ့ဌာန တံခါးဆီ ရောက်သောအခါ အစောင့်တပ်သားနှင့်ဝမ်ရှင်းကျန့် ကို တွေ့လိုက်ရ၍ ကိစ္စအားလုံးကို သူ နားလည်သွားလေသည်။ ဝမ်ရှင်းကျန့် သည် ထက်မြက်သူဖြစ်ပြီး လက်နက်ကိုင် တပ်ဖွဲ့ဌာန၏ တံခါးစောင့် အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now