ဇွန်ဘီမလေး ယန်ဟန်

113 8 0
                                    

Chapter 92

CDC တွင်ရှိစဉ် လျန့်ချောင် သည် R ဗိုင်းရပ်စ်ကို မျိုးဗီဇပြုပြင်ပြီး ကြွက်များတွင် စမ်းသပ်ခဲ့သည်။ ဤ R ဗိုင်းရပ်စ်အသစ် ထိုးသွင်းထားသော ကြွက်များသည် အလွန်အမင်း ရန်လိုလာပြီး ခန္ဓာကိုယ်၏ ကြွက်သားဖွဲ့စည်းပုံလည်း သိသိသာသာ ပြောင်းလဲသွားသည်ကို တွေ့ရှိခဲ့ရသည်။ ကြွက်များ၏ ကြွက်သားဖွဲ့စည်းပုံ အပြောင်းအလဲကြောင့် R ဗိုင်းရပ်စ်အသစ် ကူးစက်ခံရသော ကြွက်များသည် သာမန်ကြွက်များထက်  တစ်ဆခွဲနီးပါး အရွယ်အစားပိုကြီးလာလေသည်။

နောက်ပိုင်းတွင် သူ စမ်းသပ်မှုများစွာကို ပြုလုပ်ခဲ့သည်။ R ဗိုင်းရပ်စ် ကူးစက်ခံထားရသော ကြွက် သို့မဟုတ် သာမန်ကြွက် တို့တွင် R ဗိုင်းရပ်စ်အသစ်ကို သူတို့ ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းလိုက်လျှင် ခက်ထန်ကြမ်းတမ်းသော ရန်လိုမှု နှင့် တုံ့ပြန်မှုအရှိန်တို့ မြန်ဆန်လာခြင်း တို့ ဖြစ်ပေါ်လာမည် ဖြစ်သည်။ သူက ထိုကြွက်များ၏ အပြောင်းအလဲများကို မှတ်တမ်းတင်ထားပြီး ညပေါင်းများစွာ အိပ်မပျော်နိုင် လောက်အောင်ပင် စိတ်လှုပ်ရှားနေခဲ့သည်။

ထိုအချိန်မှစ၍ လျန့်ချောင် သည် လူသားများတွင် စမ်းသပ်မှုများ ပြုလုပ်ရန် အခွင့်အလမ်းများကို ရှာဖွေနေခဲ့သည်။ အကယ်၍ သူ ကျွန်းပေါ်တွင် လူသားများအား စမ်းသပ်မှုများကို ပြုလုပ်ပါက တစ်ကျွန်းလုံး ကမောက်ကမ ဖြစ်သွားမည်ကိုလည်း ကြောက်ရွံ့နေမိသည်။ အချိန်အတော်ကြာပြီးနောက် အခွင့်အရေး ရှာမတွေ့သောကြောင့် လူသားများတွင်စမ်းသပ်မှု ပြုလုပ်မည့် အစီအစဉ်ကို ဆိုင်းငံ့ထားလိုက်သည်။ တစ်နေ့တွင် ကျီကျောက်ယန် က ဗီဇပြောင်းဇွန်ဘီ တစ်ကောင်ကို ဖမ်းထားကြောင်း သုတေသီတစ်ဦး ထံမှ ကြားခဲ့ရ၏။ ကျီကျောက်ယန် ဖမ်းထားသော ဗီဇပြောင်းဇွန်ဘီသည် အလွန်ထူးဆန်းပြီး သူမ၏ အပြုအမူကိုလည်း ‌ကောင်းစွာ ထိန်းချုပ်နိုင်သည်ဟု ထိုသုတေသီက ပြောလေသည်။

အခြားသုတေသီ အားလုံးကလည်း ဗီဇပြောင်း ဇွန်ဘီအကြောင်းကို သိချင်စိတ်ပြင်းပြနေကြလေသည်။လျန့်ချောင် ကိုယ်တိုင်လည်း သိချင်နေသဖြင့် အလုပ်ပြီးသည်နှင့် အပျော်သဘောကြည့်ရန် ကျီကျောက်ယန် ၏ ဓာတ်ခွဲခန်းကို သွားခဲ့လိုက်သည်။ သူ ကျီကျောက်ယန်၏ ခွဲခန်းဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာစဉ် အဝေးမှပင် အတွင်းထဲက ကျယ်လောင်သော အသံကြီးကို ကြားလိုက်ရသည်။သူကလည်း အထဲမဝင်ဘဲ အပြင်မှာသာ ပုန်းပြီး ခိုးနားထောင်လိုက်သည်။ တစ်မိနစ် နှစ်မိနစ်ခန့် နားထောင်ပြီးချိန်၌ အထဲတွင် ဘာဖြစ်နေမှန်း သူနားလည်သွားရသည်။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now