ဇွန်ဘီမလေးယန်ဟန်

195 24 0
                                    

Chapter 32

ဟန်ခိုင်သည် ဓာတ်ခွဲခန်း အမှတ်- ၇၁၂ ၏ တံခါးကို ဖွင့်လိုက်ပြီး ဓာတ်မီးကို အခန်းထဲသို့ ထိုးလိုက်သည်။

ယန်ဟန် အလင်းရောင်ကို မြင်သောအခါ ကျောပေးထားရာမှ ချက်ချင်း နောက်ပြန်လှည့်ကြည့်လိုက်သည်။ ဟန်ခိုင်သည် ဓာတ်မီးရောင်ဖြင့် ယန်ဟန် မျက်နှာကို မြင်လိုက်သောအခါ ကြောက်သွားပြီး ဓာတ်မီးပင် လွတ်ကျလုမတတ် ဖြစ်သွားသည်။

ထိုအချိန်တွင် ဓာတ်ခွဲခန်းတစ်ခုလုံး တိတ်ဆိတ်နေသဖြင့် ဟန်ခိုင် ၏ အသက်ရှုသံများသာ ကျန်တော့ပြီး ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေတော့သည်။ ဓာတ်မီးရောင်သည် ယန်ဟန်၏ အရုပ်ဆိုးပြီး ကြောက်မက်ဖွယ်ကောင်းသော ဇွန်ဘီမျက်နှာပေါ်သို့ လင်းဖြာသွား၍ ဟန်ခိုင် လိပ်ပြာလွင့်မတတ် ကြောက်သွားရသည်။

နေရာတွင် ရပ်နေသော ဟန်ခိုင် သည် သက်ပြင်းတစ်ချက်ချကာ ယန်ဟန်၏ ဇြန္ဘီ လှောင်အိမ်ဆီသို့ အမြန်လျှောက်သွားပြီး လှောင်အိမ်အား ဖွင့်မည်ပြုသော်လည်း သော့ခတ်ထားလေသည်။

ကံမကောင်းစွာဖြင့် သူ့တွင်သော့လည်းမရှိသလို လော့ခ်ဖွင့်သည့်ကိရိယာများလည်း မယူလာခဲ့ပေ။ လှောင်အိမ်ထဲရှိ သော့ခလောက်ကို စိုက်ကြည့်နေသည့် ဟန်ခိုင့်ကို ယန်ဟန်က ချက်ချင်း လက်ဟန်ပြပြီး ပြောလိုက်သည်။

'လှောင်အိမ်ရဲ့ သော့က အဲဒီ့ စမ်းသပ်စင်ရဲ့ ညာဘက်ခြမ်းက အပေါ်ဆုံး အံဆြဲထဲမွာ ရှိတယ်...'

ထို့နောက် ဟန်ခိုင် သည် သော့ကိုရှာတွေ့ပြီးနောက် ဝမ်းသာအားရဖြင့် သော့ဖွင့်လိုက်ပြီး ဟန်ခိုင် က ယန်ဟန်အား အမြန်ထွက်လာရန် ပြောလိုက်သည်။

"မြန်မြန်...လုံခြုံရေးအစောင့်တွေ ကင်းလှည့် လာလိမ့်မယ်...."

ဟန်ခိုင် သည် သူ့လက်ကို မြှောက်လိုက်ပြီး နာရီကို ကြည့်လိုက်သည်။

မနက် ၁ နာရီ ၅မိနစ်....

ကျီကျောက်ယန် မှာလည်း ဓါတ်လှေကား ကြမ်းပြင်ကို စိုက်ကြည့်ရင်း နာရီထပ် ကြည့်လိုက်ရာ ၁၂ နာရီ ၅၅မိနစ် ရှိနေပြီဖြစ်သည်။ ထို့နောက် ဓာတ်လှေကား ပွင့်သွားသည်နှင့် ဓာတ်ခွဲခန်း အမှတ်- ၇၁၂ ဆီသို့ လျင်မြန်စွာ လျှောက်လာခဲ့သည်။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now