ဇွန်ဘီမလေးယန်ဟန်

195 23 0
                                    

Chapter 28

သုတေသီများ ထွက်သွားကြသည်နှင့် လျန့်ချောင် ကျီကျောက်ယန်၏ ဓာတ်ခွဲခန်းထဲသို့ ဝင်လာလေ၏။

လျန့်ချောင် သည်လည်း CDC ၏ ပရော်ဖက်ဆာ တစ်ဦးဖြစ်ပြီး ကျီကျောက်ယန်ထက် အသက်ကြီးသူ ဖြစ်လေသည်။ သူသည် အသက် ၄၀ စွန်းစွန်းရှိနေပြီ ဖြစ်သော်လည်း သုတေသနများကို မည်မည်ရရ မလုပ်ဘဲ ကျီကျောက်ယန် ကိုသာ မြှောက်ပင့်စားနေသူဖြစ်သည်။ ကျီကျောက်ယန် ကလည်း အမြှောက်ကြိုက်သူဖြစ်၍ နှစ်ယောက်သားမှာ လေပေးဖြောင့် နေကြတော့သည်။

ကျီကျောက်ယန် က လျန့်ချောင် ကို ခပ်မဲ့မဲ့ပြုံးပြလိုက်သည်။

"အစ်ကိုလည်း ဗီဇပြောင်းဇွန်ဘီအကြောင်းကို လာမေးတာ..ဟုတ္တယ္မလား..."

" သိချင်ရုံပါကွာ...ဟဲဟဲ"

ကျီကျောက်ယန် က ခေါင်းကို တွင်တွင်ခါလိုက်ပြီး ပင့်သက်ရှိုက်လိုက်သည်။

"ကျွန်တော်ကလည်း ခုနက လူတွေကို မနည်း ပြောခဲ့ရပြီးပြီ...အစ္ကိုကပါ ထပ်ရောက်လာတော့ ကျွန်တော် ဒီနေ့ စမ်းသပ်မှုကို ဆက်မလုပ်ရတော့ဘူးနဲ့ တူပါတယ်...."

လျန့်ချောင် က ဟက်ဟက်ပက်ပက် ရယ်မော လိုက်လေသည်။

"ငါ့အတွက်တော့ စိတ္ခ်ပါကြာ...ငါ့ရဲ့ သုတေသန အရည်အချင်းကို မင်းသိပါတယ်... အဲ့ဒီ ဗီဇပြောင်း ဇြန္ဘီကို ငါ့ဆီ လာပေးရင်တောင် ငါ ဘာမွ ရှာနိုင်မှာ မဟုတ္ဘူး... ဟားဟားဟား...ငါက ပါရဂူဘွဲ့ ရဖို့ တော်တော် ကြိုးစားထားရတဲ့ ကောင်ပါကွာ ... ဟားဟား... ဒီတိုင်း ဗီဇပြောင်း ဇြန္ဘီ ဆိုတဲ့အသံ ကြားလိုက်တာနဲ့ သိချင်စိတ် ဖြစ်လာလို့ပါ... စိတ်မပူပါနဲ့...ဟန်ခိုင့်လို လျှောက်မဖြန့်ပါဘူး..."

" တော်စမ်းပါ...သူ့နာမည်ကြားတာနဲ့ ဒေါသထွက်တယ်...ဒီကောင်လေးက ကျွန်တော့်အလုပ်ကို တမင်တကာ လိုက်ဖျက်ဆီးနေတာ..."

"တကယ်တမ်းဆို မင်းနဲ့ ဟန်ခိုင်က သိပ်မရင်းနှီးဘဲနဲ့ ဘာလို့ သူ့ကို ဇြန္ဘီ ပြလိုက်တာလဲ..."

"ဘယ္ကလာ သူ့ကို ပြရမှာလဲ... ကျွန်တော်ကသာ သူ့အိမ်က ဇြန္ဘီကို ဖမ်းလာရတာ..."

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now