Chapter 26
ကျီကျောက်ယန် သည် ဤကိစ္စနှင့် ပတ်သတ်၍ နည်းနည်းမွ ပူပန် မေနေပ။ သူက ယန်ဟန့် ကို ဖုတ်ကောင်လှောင်အိမ်ထဲ ထည့်ထားသည်ကို မြင်သောအခါ စိတ်လှုပ်ရှားလွန်း၍ စစ်ဆင်ရေးအဖွဲ့ဆီ ပြေးသွားလိုက်ပြီး ပြောလိုက်သည်။
"သိပ်လွယ်တယ် မဟုတ္လား... သူမက ကြောက်စရာ မကောင်းပါဘူး.. ဟားဟား..."
ထို့နောက် သူ စင်္ကြံဆီသို့ လျှောက်သွားကာ ဟန်ခိုင် ကို ပြုံးပြလိုက်ပြီး ပြောပြန်သည်။
"ဒီကိစ္စကို ဒါရိုက္တာ့ဆီ မတင်ပြပါဘူး...စိတ္ခ်..."
ဟန်ခိုင်က ပြန်မပြောဘဲ လှည့်ထွက်သွားသော ကျီကျောက်ယန် ကို ဒေါသတကြီး ကြည့်လိုက်သည်။
ကျီကျောက်ယန် နှင့် အျခားသူမ်ား ထွက်သွားပြီးနောက် ဟန်ခိုင် သည် လီနန်ရှန့်အား အဖြစ်အပျက်များကို အသေးစိတ် ရှင်းပြလိုက်သည်။ ဟန်ခိုင် ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် လီနန်ရှန့် မွာ မယုံနိုင်ဖြစ် နေရလေသည်။
" ဒီဇြန္ဘီ ကျွန်းကနေ ထွက်သွားနိုင်ဖို့ ကျွန်တော့်ဆီက လှေငှားနေတာပေါ့လေ..."
ဟန်ခိုင်က ခေါင်းညိတ်လိုက်သည်။
"အစ်ကိုကလည်းဗျာ.. သူမက ဇွန်ဘီလေ..."
"အတိအကျပြောရရင် လူစိတ် ကျန်နေသေးတဲ့ ဇြန္ဘီပါ...."
"အဲ့တော့ ဘာထူးလို့လဲ... "
"နန်ရှန့်... သူမမွာ ဘာလို့ လူစိတ် ကျန်နေရတာလဲလို့ မင်း တွေးဖူးလား... မင်းလည်း တွေ့သားပဲ... သူမက သာမန်ဇွန်ဘီတွေနဲ့ တကယ့်ကို ကွဲပြားနေတယ် ဆိုတာ..."
လီနန်ရှန့် က ပြန်မဖြေဘဲ ဟန်ခိုင် ဆက်အပြောကို စောင့်နေလေသည်။
"ကျွန်းပေါ်မှာ CDC တည်ထောင်ထားတာ သုံးနှစ်နီးပါး ရှိနေပေမဲ့ ကာကွယ်ဆေး သုတေသနကို ရပ်နားထားရတယ်...ဒါကြောင့် ငါတို့က ရှိရှိသမျှ ဖြစ်နိုင်ခြေအားလုံးကို အဖြေရှာကြည့်ရမှာပဲ... ကျွန်းပေါ်မှာ အကြာကြီးဘယ်သူမှ မနေချင်ကြဘူး... ငါ လွန်ခဲ့တဲ့ တစ်လခွဲလောက်က ယန်ဟန်ရဲ့အသားစကို ယူပြီး စမ်းသပ်မှုတွေ လုပ်ခဲ့တယ်...ယန်ဟန်က လူတွေအတွက် တစ်ခုတည်းသော မျှော်လင့်ချက် မီးတောက်ကြီး ဖြစ်လာနိုင်တယ်..."