Chapter 96
"ယန်ဟန် တစ်ခုခုဖြစ်မှာ ကြောက်တယ်..."
ဟန်ခိုင် ၏ မျက်လုံးများသည် စိုးရိမ်စိတ်များ ပြည့်နှက်နေလေသည်။
" မဟုတ်လောက်ပါဘူး...သူမက လျန့်ချောင် ကို ဘာမှ နစ်နာအောင် မလုပ်ခဲ့ဘူးလေ... လျန့်ချောင် က သူမကို မသတ်လောက်ပါဘူး....ပြီးတော့ လျန့်ချောင် ကလည်း CDCရဲ့ ပါမောက္ခ မဟုတ်လား... ယန်ဟန် ရဲ့ ကာကွယ်ဆေးက အခုမှ မျှော်လင့်လို့ပဲရသေးတာ...ရုပ်လုံးပေါ်သေးတာ မဟုတ်ဘူး...တစ်ကယ်လို့ ယန်ဟန် သာ သေသွားရင် ကာကွယ်ဆေးကို သုတေသနပြုဖို့ မျှော်လင့်ချက် မရှိတော့ဘူးလေ..."
ဟန်ခိုင် စိုးရိမ်ပူပန်နေသည်ကို မြင်သောအခါ လီနန်ရှန့် လည်း အလွန်စိတ်မသက်မသာ ဖြစ်မိသောကြောင့် သူ့ကိုနှစ်သိမ့်ရန် အစွမ်းကုန် ကြိုးစားလိုက်သည်။
လီနန်ရှန့် ပြောလိုက်သည့်စကားတစ်ခွန်းက ဟန်ခိုင် ၏ အသိစိတ်ကို ပုတ်နှိုးလိုက်သကဲ့သို့ သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
"ကာကွယ်ဆေးတွေ သုတေသနလုပ်ဖို့ မျှော်လင့်ချက်တွေ မရှိတော့ဘူး...ဟုလား...ယန်ဟန် ကာကွယ်ဆေးထုတ်မှာကို ဘယ်သူက တားချင်နေတာလဲ..."
လီနန်ရှန့် သည် ဟန်ခိုင် တိုးတိုးလေးဖြင့် ရေရွတ်နေသည်ကို မြင်သော်လည်း ဘာပြောနေမှန်း မသိသဖြင့် မေးလိုက်သည်။
"ဟန်ခိုင်...ဘာပြောနေတာလဲ..."
ဟန်ခိုင် က ခေါင်းကို မော့ကာ အသံကိုမြှင့်၍ ပြောလိုက်သည်။
"ဟွမ်ကျစ်ပင်း..."
"ဘယ်သူလဲ... ဟွမ်ကျစ်ပင်း က ဘယ်သူလဲ..."
လီနန်ရှန့် က မြေခွေးတစ်ကောင်၏ အကြည့်နှင့် မေးလိုက်သည်။
"ယန်ဟန် ရဲ့ မွေးစားအဖေ ဟွမ်ကျစ်ပင်း ကသာ ဇွန်ဘီဗိုင်းရပ်စ်ပိုး ဖြစ်လာအောင် ဦးဆောင်ခဲ့တယ်ဆိုရင် သူက ကာကွယ်ဆေး တီထွင်တာကို ရပ်သွားအောင် ယန်ဟန် ကို လိုချင်နေမှာပဲ... ယန်ဟန် ပျောက်သွားတာ သူနဲ့ သက်ဆိုင်မှု ရှိရမယ်..."
လီနန်ရှန့် သည် နားမလည်ဘဲ စိတ်ရှုပ်သွားရပြီး ဇဝေဇဝါဖြင့် မေးလိုက်သည်။