ဇွန်ဘီမလေးယန်ဟန်

224 21 0
                                    

Chapter 23

ကျီကျောက်ယန် ထွက်သွားပြီးနောက် ဟန်ခိုင် သည် ရုံးခန်းတံခါးကို သော့ခတ်လိုက်ပြီး "စမ်းသပ်မှု ဘာသာရပ် ၄၁၃-၁" ၏ စာအုပ်မျက်နှာဖုံးကို ကြောင်စီစီ စိုက်ကြည့်နေမိသည်။ ဤမှတ်တမ်းကို မူလက သူ့အိမ်တွင် သိမ်းထားသော်လည်း မကြာသေးမီက စမ်းသပ်မှု ရပ်တန့်သွားမှသာ ကာကွယ်ဆေးအတွက် မျှော်လင့်ပြီး CDC သို့ ယူလာခဲ့ခြင်း ဖြစ်သည်။

ကျီကျောက်ယန် က ယန်ဟန် ကို မေလ ၁၇ ရက်နေ့တွင် တွေ့ဆုံခဲ့ကြောင်း ပြောခဲ့သည်။  နောက်ဆုံးအကြိမ် အစည်းအဝေး ပြုလုပ်စဉ်က တင်ပြချက်အကြောင်း မေးရန် ယခင်က တစ်ခေါက် လာခဲ့ပြီး ယခုလည်း စောင့်ကြည့်ရေးအခန်းသို့ တကူးတက ဗီဒီယိုကို သွားရှာခဲ့သည်။

ကျီကျောက်ယန် သည် ဤကိစ္စကို အသည်းအသည် လိုက်ရှာနေခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် ကျီကျောက်ယန်သည် ယန်ဟန်ကို ကာကွယ်ဆေး ထုတ်ဖော်ရန်အတွက် ဖမ်းချင်နေပေလိမ့်မည်။

ကျီကျောက်ယန် က ယန်ဟန့်အကြောင်းကို နှုတ်မှ မဖွင့်သော်လည်း သူမကို လုံးဝ အလွတ်ပေးမည် မဟုတ်ပေ။ အကယ်၍ ယန်ဟန်ကို CDC က ဖမ်းမိသွားပါက သူမကို မသေသေအောင် နှိပ်စက်မည် ဖြစ်သည်။

ထို့ကြောင့် ယန်ဟန်ကို ကျွန်းမှ ထွက်သွားဖို့အတွက် ဖြောင်းဖျနားချရန် ဆုံးဖြတ် လိုက်သည်။

ဟန်ခိုင် ညေန အိမ်ပြန်ရောက်သောအခါ ယန်ဟန်ကို အကျိုးအကြောင်း ရှင်းပြလိုက်သည်။ ယန်ဟန်က ဟန်ခိုင်သည် သူမအား ကျွန်းမှ ထွက်သွားစေရန် လိမ်ညာနေသည် ဟု ထင်နေ၍ ခေါင်းခါပြလိုက်၏။

ဟန်ခိုင် သည် သက်ပြင်းသာချလိုက်မိသည်။ စကားမပြောနိုင်သည့် ဇြန္ဘီကို ပြောဆိုရသည်မှာ ခက်ခဲလွန်းလှသည်။

လသာဆောင်မှာ ခဏထိုင်နေစဉ် ဟန်ခိုင်က ကျီကျောက်ယန် အကြောင်း သတိရသွားသည်။

"မင်း ကျွန်းပေါ်ကို ပထမဆုံးရောက်လာတဲ့ နေ့က အင်္ကျီဖြူ ဝတ္ထားတဲ့ လူတစ်ယောက်ကို တွေ့ခဲ့လား..."

ယန်ဟန်က ခဏ စဉ်းစားလိုက်ပြီး ခေါင်းညိတ်လိုက်သည်။

"မင်းတွေ့ခဲ့တဲ့လူက ဇီဝေဗဒ ပရော်ဖက်ဆာလေ... သူက မင်းကို ကာကွယ်ဆေး အတွက် စမ်းသပ်ချင်နေတာ.. အဲ့ဒီလူက ဩဇာရှိပြီး ရက်စက်တတ်တယ်..ကာကွယ်ဆေး မရမချင်း မင်းကို ညှာမှာမဟုတ်ဘူး... CDC ရဲ့ ဥက္ကဌက သူ့အဖေလေ...အခု မင်း ဒီကျွန်းပေါ်မှာ ရှိနေမှန်း သူသိတယ်... မင်းကို ဖမ်းဖို့ အချိန်တစ်ခုပဲ လိုတော့တယ်...သူ မင်းကိုဖမ်းမိသွားရင်...မင်းရဲ့ဇွန်ဘီဘဝ လည်း အဆုံးသတ်သွားလိမ့်မယ်..."

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now