ဇွန်ဘီမလေးယန်ဟန်

163 19 0
                                    

Chapter 53

ဟယ်Chapter 53

ဟယ်ယွင်ရှန်က ဒူးထောက်၍ လက်ထပ်ခွင့် တောင်းနေသော ဟန်ခိုင် ကို ကြည့်ကာ ပါးစပ်ကိုလက်နှစ်ဖက်ဖြင့် အုပ်ထားပြီး မျက်ရည်များ ရစ်ဝဲလာရသည်။ ယနေ့ကို သူမ စောင့်နေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်သည်။

"ကျွန်မ...ကျွန်မ အဟွတ်... အဟွတ်..."

ဟယ်ယွင်ရှန် ရုတ်တရက် ချောင်းအပြင်းအထန် ဆိုးနေတော့သည်။ ဟန်ခိုင် က ဒူးထောက်နေရာမှ မတ်တပ်ထရပ်လိုက်သည်။

"ရှန်ရှန်....မင်း ဘာဖြစ်နေတာလဲ..နေမကောင်းဘူးလား...."

"ဘာဖြစ်တာလဲ မသိဘူး....လည်ချောင်းထဲမှာ တစ်ခုခုဆို့နေသလိုပဲ..."

ထို့နောက် သူမက လည်ချောင်းရှင်းရန် ချောင်းတစ်ချက် ဟန့်လိုက်ရာ ပို၍ပင် ချောင်းဆိုးလာပြန်သည်။

"မဖြစ်တော့ဘူး...ကိုယ် မင်းကို ဆေးရုံလိုက်ပို့မယ်..."

ဟယ်ယွင်ရှန် က ဟန်ခိုင် ၏လက္ကို အမြန်ဆွဲထားလိုက်ပြီး ပြောလေသည်။

"ရပါတယ်... မလိုပါဘူး... အရမ်းစိတ်လှုပ်ရှားသွားလို့ နေမှာပါ... ရေနွေးတစ်ခွက်လောက် သောက်လိုက်ရင် ပျောက်သွားမှာ... "

"ဒါဆို ဒီမွာ ငြိမ်ငြိမ်လေး ထိုင်နေနော်...ရေနွေးပူပူလေး တစ်ခွက် ယူလာပေးမယ်..."

ဟယ်ယွင်ရှန် က ခေါင်းညိတ်လိုက်ပြီး စိန္လက္စြပ္ကို ဝတ်ကြည့်လိုက်သည်။ထို့နောက် ချက်ချင်းပင် ချောင်းပြန်ဆိုးလာ၍ သူမ မျက်နှာမှာ နီမြန်းလာပြီး လေပြွန်အက်ကွဲသွားသကဲ့သို့ ခံစားရလေသည်။ သေချာသည်မှာ ယခုရောဂါလက္ခဏာများသည် သာမာန် အအေးမိခြင်းမဟုတ်ကြောင်း သူမသိနေလေသည်။

"ဟန်...ဟန်..."

သူမသည် ဟန်ခိုင် ၏ နာမည်ကို ခေါ်ချင်သော်လည်း အသံကြိုးများကို တစ္စုံတစ္ခုက ပိတ္ဆို့ထားသကဲ့သို့ အသံမထွက်နိုင် ဖြစ်နေ၏။

ဟန်ခိုင် သည် ရေနွေးအိုးတည်ရန် မီးဖိုချောင်ထဲသို့ ဝင်သွားလိုက်သည်။ ရေနွေးအိုးထဲရှိ ရေပွက်ပွက်ဆူနေသည့်အချိန်တွင် မီးဖိုချောင် ပြတင်းပေါက်မှ အပြင်ဘက်လမ်းမကို သူ့အကျင့်အတိုင်း ငေးမောကြည့်နေ၏။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now