ဇွန်ဘီမလေးယန်ဟန်

187 24 0
                                    

Chapter 31

ကျီကျောက်ယန်မှာ လူအမ်ားက သူ့ကို မျက်စိဒေါက်ထောက် ကြည့်နေကြသဖြင့် ဓာတ်ခွဲခန်း အမှတ်- ၇၁၂ သို့ လူမရှိချိန်မှ လာလေ့ရှိသော်လည်း စိတ်မလုံ ဖြစ်နေတတ်သည်။ ဓာတ်ခွဲခန်း အမှတ် ၇၁၃ တွင် ကွန်ပျူတာမှ တစ်ဆင့် ဓာတ်ခွဲခန်း အမှတ် ၇၁၂ ၏ စောင့်ကြည့် ဗီဒီယိုကို ကြည့်ကာ လှောင်အိမ်ထဲမှ ယန်ဟန် ၏ အပြုအမူကို သတိပြုမိလာသည်။

များသော အားဖြင့် ယန်ဟန်သည် မလှုပ်မယှက် နေလေ့ရှိသည်။ ထို့ကြောင့် သူမသည် ဗီဇပြောင်းဇွန်ဘီ ဖြစ်သော်လည်း သူမ၏ အမူအရာ အမ်ားစုမွာ ဇွန်ဘီများနှင့် တူညီနေသေးသည်။

အစပိုင်းတွင် ကျီကျောက်ယန် သည် စောင့်ကြည့် ဗီဒီယိုကို စိတ်ဝင်တစား ကြည့်ရှုခဲ့သော်လည်း ယန်ဟန် က တုတ်တုတ်မှ မလှုပ်သဖြင့် အချိန်ကြာလာလျှင် ပျင်းရိသွားရသည်။ နောက်နှစ်ရက် အကြာတွင် သူ စောင့်ကြည့်ဗီဒီယိုကို ပျင်းသွားသဖြင့် မကြည့်ဖြစ်ခဲ့ပေ။

ညစာစားပြီးနောက် ကျီကျောက်ယန် သည် အိပ်ရာထဲတွင် လှဲနေပြီး စမ်းသပ်မှု၏ ဦးတည်ချက် အသစ္ကို တွေးနေသော်လည်း နောက်ပိုင်းတွင် စိတ်ရှုပ်လာသဖြင့် မျက်နှာကျက်ကိုသာ ကြောင်စီစီ စိုက်ကြည့်နေမိသည်။ နာရီအနည်းငယ်ကြာသည်အထိ ဟိုလူးဒီလှိမ့်ဖြင့် အိပ်မပျော်သည့်အတွက် အိပ်ရာမှထကာ စမ်းသပ်မှုနှင့် ဆက်စပ်နေသည့် စာရွက်စာတမ်းများကို ကြည့်ရှုရန် ကွန်ပျူတာကို ဖွင့်လိုက်သည်။

ပျင်းစရာကောင်းသည့် အင်္ဂလိပ်စာရွက်များကို ကြည့်ခြင်းသည် ဦးနှောက်ကို ဖြုန်းတီးရာ ရောက်သည့်အတွက် ကျီကျောက်ယန်မှာ ၁၂နာရီ မထိုးမီ အိပ်ငိုက်လာတော့သည်။ နောက်တစ်နေ့တွင် အတန်းများနှင့် လက်တွေ့ စမ်းသပ်မှုများ ရှိနေသဖြင့် ကွန်ပြူတာကိုပိတ်ကာ အိပ်ရာဝင်ရန်ပြင်လိုက်သည်။

သို့သော် ပိတ်ရန်ခလုတ်ကို နှိပ်တော့မည့် အချိန်တွင် ဓာတ်ခွဲခန်းအမှတ် ၇၁၂ ၏ စောင့်ကြည့်ဗီဒီယို ခလုတ္ကို နှိပ်၍ ယနေ့နေ့လည် ၁၂ နာရီ ၃မိနစ္ကို ရစ်ကြည့်လိုက်ရာ လှောင်အိမ်ထဲရှိ ယန်ဟန်သည် ယခင်အတိုင်းပင် ငြိမ်သက်စွာ ထိုင်နေမြဲ ဖြစ်သည်။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now