ဇွန်ဘီမလေး ယန်ဟန်

122 4 0
                                    

Chapter 89

{ မစ္စချန်း... ကျွန်တော်တို့ အေးဆေးစကားပြောလို့ ရမလား - ၃ }

ချန်းဟွမ်သည် ရှင်းရှင်းလေးဘက်မှ နောက်ထပ်ပန်ကိတ်ထပ်တောင်းပါက လုံးဝမပေးတော့ဖို့ ဆုံးဖြတ်ချက်ချထားချိန်တွင် ရှင်းရှင်လေးဆီမှ ဗိုက်ပြည့်ပြီ ဟူသောစကားကို ကြားလိုက်ရသည်... ရှင်းရှင်းလေးက အလွန်အကျွံစားခဲ့ခြင်းဖြစ်တာကြောင့် သူမသည် ကလေးလေးအား အစာချေဆေးလုံးသောက်ခိုင်းထားရ၏... 

" ဒါလေး သောက်လိုက် ဒါက သားဗိုက်ထဲက အစားအသောက်တွေကို မြန်မြန်ချေပေးလိမ့်မယ်... ပြီးရင် ဟိုဘက်နားမှာ ခဏသွားရပ်နေအုံးနော်..."

" ဟုတ် " ကလေးလေးသည် ဗိုက်တင်းလွန်းနေကက ခုန်ပေါက်ဖို့ပင် အင်အားမရှိမျိုးမရှိတဲ့အတွက် မိခင်ဖြစ်သူပြောသည့်အတိုင်း တစ်ဖက်တွင် သွားရပ်နေလိုက်သည်...

ယခုတွင် ပေါက်စီလုံးလေးစားပြီးသွားပြီဖြစ်တာကြောင့်  အိုးထဲတွင် ကျန်နေသေးသောယာဂုနှင့် ပန်းကန်ထဲမှပန်ကိတ်တချို့ဟာ ချန်းဟွမ်အတွက် ညစာဖြစ်ခဲ့လေပြီ...

သူမ ညစာစားနေစဥ်တွင် ရှင်းရှင်းလေးဟာ သူမအား လှမ်းကြည့်ရင်း သရေကျလို့နေပြန်တယ်...

" ဘာတွေစားနေတာလဲ မေမေ " ကလေးလေးသည် လှမ်းမျှော်ကြည့်ရင်း ထိုသို့ဆိုပြီးနောက် " သားလည်း စားချင်တယ် " ဟုပြောလာသေးသည်...

" ရှင်းရှင်း ထပ်မစားရတော့ဘူး "

ချန်းဟွမ် ရှင်းရှင်းလေးဘက်သို့ လှည့်မကြည့်ပဲ ပြောလိုက်သည်

... " စားပြီးသား အစာအသောက်တွေ အရင်ဆုံး အစာကြေအောင် စောင့်ရအုံးမယ်..."

" သား တကယ် ထပ်စားနိုင်ပါသေးတယ်... "

" ထပ်စားလို့မရဘူး... " ထို့နောက် သူမဟာ ရှင်းရှင်းအား လှည့်ကြည့်ကာ

" မေမေက မစားရဘူးဆို မစားရဘူးဘဲ ရှင်းရှင်း! "

ကလေးလေးင နှုတ်ခမ်းလေး ဆူရင်း မိခင်ဖြစ်သူ အနားသို့ လျှောက်လာချိန်တွင် အအော်လိုက်ခံလိုက်ရတာကြောင့် ရှေ့သို့ ဆက်မတိုးလာရဲတော့ပေ...

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now