ဇွန်ဘီမလေး ယန်ဟန်

164 16 0
                                    

Chapter 61

  ထိုကိစ္စကို အတွင်းရေးမှူး ကျန်း နှင့် မျက်နှာလွှဲ မထားသင့်ကြောင်း ဟန်ခိုင် သဘောပေါက် လိုက်လေသည်။ မြို့တော်ဝန် စွန်းကို ကိုယ်တိုင်ကိုယ်ကျ ပြောပြရန် ရက်အနည်းငယ် အချိန်ယူ၍ သူ စီစဉ်တော့လေသည်။ ကျွန်းတစ်ခုလုံးရှိ လူအများ၏  အသက်အိုးအိမ်များမှာ သူ့လက်ထဲတွင် ရှိနေခြင်း ဖြစ်သည်။

မြို့တော်ဝန် စွန်း နှင့်တွေ့ဆုံခွင့်ရရန် အုပ်ချုပ်ရေး အဆောက်အဦးသို့ သွားလျှင် အကြောင်းထူးမည်မဟုတ်၍ မြို့တော်ဝန်၏ ကားကိုသာ ဆီး၍ ပြောမည်ဟု စိတ်ကူးထားလေသည်။ဤအကြံမှာ ဆိုးရွားသော်လည်း ဟန်ခိုင် တွင် ရွေးချယ်စရာ မရှိတော့ချေ။

မြို့တော်ဝန်သည် အလုပ်များသူ ဖြစ်၍ ရုံးဆင်းချိန် မမှန်တတ်သဖြင့် သူနှင့် မတွေ့လိုက်ရသည်က များသည်။တစ်ခါတစ်ရံ စွန်းကျားရှီက အိမ်ကိုပင် ကားမောင်းမပြန်သည့် အခါများလည်း ရှိသည်။ဟန်ခိုင် သည် အခြေအနေကို သုံးရက်ကြာ စောင့်ကြည့်နေခဲ့ပြီး အစီအစဉ်ကို အကောင်အထည်မပေါ်မီ မမျှော်လင့်ဘဲ စွန်းကျားရှီ ၏ ကားနှင့် အတိုက်ခံရမလို ဖြစ်ခဲ့သည်။ကံကောင်းစွာနှင့် သူ နှင့် ကားကြာ အကွာအဝေးမှာ ၁မီတာပင် မဝေးချေ။

ဟန်ခိုင် သည် ဒရိုင်ဘာထိုင်ခုံအနားသို့ အမြန်ပြေးသွားကာ မှန်တံခါးကို ခပ်ရှက်ရှက်ဖြင့် ခေါက်လိုက်လေသည်။ စွန်းကျားရှီ က ကားမှန်ကို ချလိုက်ပြီး အေးစက်စက် ပြောလိုက်လေ၏။

“မင်းက ဘယ်သူလဲ.. ဘာကိစ္စရှိလို့လဲ..."

ဤသည်မှာ စွန်းကျားရှီ နှင့် ကိုယ်တိုင်ကိုယ်ကျ ဒုတိယအကြိမ် စကားပြောဖူးခြင်း ဖြစ်သည်။ ပထမတစ်ကြိမ်မှာ လွန်ခဲ့သော သုံးနှစ်က စွန်းကျားရှီ သည်  ကျွန်းသို့ ထွက်ပြေးရန် လူအားလုံးကို စည်းရုံးစဉ်က ဖြစ်သည်။

ဇွန်ဘီဗိုင်းရပ် မဖြစ်ပွားမီ စွန်းကျားရှီ သည် ယွင်ကျင့်မြို့၏ ခရိုင်အကြီးအကဲ တစ်ဦးသာဖြစ်သည်။ ဗိုင်းရပ်စ် စတင်ဖြစ်ပွားပြီးနောက် အစိုးရအရာရှိ အများစုသည် ဗိုင်းရပ်စ်ကူးစက်ခံရပြီး ဇွန်ဘီများအဖြစ်သို့ ပြောင်းလဲသွားခြင်း သို့မဟုတ် ဇွန်ဘီများ အကိုက်ခံရပြီး သေဆုံးခဲ့ရသည်။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now