ဇွန်ဘီမလေးယန်ဟန်

302 31 0
                                    

Chapter 11

လီနန်ရှန့် ထွက်သွားပြီးနောက် ဟန်ခိုင် ရေချိုးခန်းထဲသို့ သြားကာ ယန်ဟန်အား ကျွန်းမှ အမြန်ထွက်သွားရန် ပြောလေသည်။

ယန်ဟန် က ငြင်းဆိုလိုက်ပြီး လက်ဟန်ဖြင့် ပြောပြလေသည်။ 'တစ်စုံတစ်ယောက်က ရှင့်ကို တကယ်ဒုက္ခပေးချင်နေတာ'

"ကောင်းပြီ... အဲ့ဒီလူက ဘယ်အချိန်ကျ ငါ့ကို သတ်မှာလဲ...မင်း အရင် ပြန်.. ငါ အသတ္ခံရမဲ့ အချိန်ကျ မွ ငါ့ကိုကယ္ဖို့ ပြန်လာ...ဟုတ္လား..."

ယန်ဟန်က ခေါင်းခါလိုက်ပြီး ပြောသည်။

'သူ ရှင့်ကို ဘယ်အချိန် ဒုက္ခပေးမယ်ဆိုတာ ကျွန်မ မသိဘူး...အိပ်မက်ထဲမှာ အချိန် အတိအက် မပါဘူး...ဒါပေမဲ့ ဒီတစ်ရက်၊နှစ်ရက် အတွင်း ဖြစ်နိုင်ပါတယ်...'

"မင်းက ဇြန္ဘီ တစ်ကောင်လေ...အဲ့တော့ ငါ့အိမ်မှာ အကြာကြီးနေလို့ အဆင်မပြေဘူး...ပြီးတော့ ငါ့အေဖက နေမကောင်းလို့ အိပ်ရာထဲလဲနေတာ... မတော်တဆ မင်းကို မြင်သွားရင် သူလန့်ပြီး သေသွားလိမ့်မယ်..."

ယန်ဟန် သည် သနားစရာကောင်းအောင် လုပ်ပြချင်သော်လည်း မျက်နှာ ကြွက်သားများက တောင့်တင်း နေသဖြင့် မျက်နှာသေ,ကြီးဖြင့်သာ ကြည့်နေလေသည်။

ထို့နောက် သူမက လက်ဟန်ဖြင့် ဒုက္ခမပေးဘဲ ကောင်းကောင်းနေမည်ဟု ကတိပေးလေသည်။

"ငါ့အိမ္က ကျဉ်းတော့ မင်းနေဖို့ နေရာမရှိဘူး..."

သူ့စကားကို ကြားလျှင် ယန်ဟန် ဒေါသထွက်သွားသည်။ သူမ သည် ကျွန်းသို့ရောက်ရန် ဆယ်ရက်ကျော် ပင်လယ်ကို ဖြတ်၍ လာခဲ့ရသည့်အပြင် ပင်လယ်လေကြောင့် အသားစမ်ားမွာ ဆိုးရွားသော အခြေအနေသို့ ရောက်ရှိခဲ့ရသည်။

သူ့ကို ကယ္ဖို့ စွ့န့်စားလိုက်ရတာ...သူကေတာ့ ငါ့ကို ရက်ရက်စက်စက် မောင်းထုတ်တယ်....

နှလုံးသား မရွိတဲ့လူ...

နောက်ဆုံးတွင် ယန်ဟန် သည် သူ့ကို လျစ်လျူရှုရန် ဆုံးဖြတ်လိုက်ပြီး လသာဆောင်ဘက်သို့ လက်ညှိုးထိုးပြ၍ လသာဆောင်တွင် နေမည်ဟု လက်ဟန်ပြ ပြောဆိုလိုက်သည်။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now