ဇွန်ဘီမလေးယန်ဟန်

163 20 0
                                    

Chapter 51

ဟန်ခိုင် ၏ ခြေထောက် ဒဏ်ရာက သုံးလကျော်အကြာတွင် သက်သာလာခဲ့သည်။သို့ရာတွင် သေနတ်ဒဏ်ရာ ဖြစ်သောကြောင့် လမ်းလျှောက်သည့်အခါ အလိုက်သင့် မလှမ်းနိုင်ဖြစ်နေတတ်ပြီး အနည်းငယ် ကွေးနေလေသည်။

ဟန်ခိုင် သည် အိမ်တွင် အတန်ကြာအောင် နားနေရသဖြင့် ခန္ဓာကိုယ်တစ်ခုလုံး မှိုတက်သွားမတတ် ခံစားရလေသည်။ ထို့ကြောင့် ဓာတ်ခွဲခန်းသို့ ပြန်အလုပ်ဆင်းရန် CDC သို့ အီးမေးလ်တစ်စောင် ပေးပို့ခဲ့သဖြင့် လာမည့် တနင်္လာနေ့တွင် အလုပ်ပြန်ဆင်းရမည် ဖြစ်လေသည်။

ကျီဟုန်ယီ သည် ဓာတ်ခွဲခန်းတွင် လူအင်အားနည်းပါးနေပြီး တတ်နိုင်သမျှ အျမန္ဆုံး အလုပ်ပြန်ဝင်စေချင်သော်လည်း ကျန်းမာရေးကိုလည်း ဂရုစိုက်ရမည်ဟု ဟန်ခိုင်၏ အီးမေးလ်ကို စာပြန်ခဲ့သည်။

ဟန်ခိုင်၏ ဓာတ်ခွဲခန်းက ခေတ္တရပ်နားထားရသဖြင့် အလုပ္မ်ား ပုံနေတော့သည်။ သူ အလုပ်ပြန်ဆင်းသည့် ပထမဆုံး သုံးရက်တွင် ဓာတ်ခွဲခန်းထဲတွင်သာ အချိန်ဖြုန်းနေခဲ့ရပြီး ည ဆယ္နာရီအထိ အလုပ် ဆက်တိုက် လုပ်နေရလေသည်။

ဟန်ခိုင် သူ၏ ဓာတ်ခွဲခန်းမှ သုတေသီတစ်ဦး၏ စမ်းသပ်မှုဆိုင်ရာ ဒေတာများကို ရှာဖွေနေချိန်တွင် ရုတ်တရက် ဖုန်းထဲသို့ မက်ဆေ့ခ်ျဝင်လာလေသည်။ ကျီဟုန်ယီ က သူ့ရုံးခန်းသို့ ခေါ်လိုက်ခြင်း ဖြစ်သည်။

ဟန်ခိုင် က အချိန်ကို ကြည့်လိုက်ရာ ည ၁၀ နာရီ ၁၂ မိနစ် ရှိနေပြီဖြစ်၍ သုတေသီများနှင့် ပရော်ဖက်ဆာ တို့မွာ အိမ်ပြန်သွားကြလေသည်။ ကျီဟုန်ယီ ပေးပို့လိုက်သည့် မက်ဆေ့ခ်ျကို ကြောင်စီစီ စိုက်ကြည့်ရင်း ဆေးရုံတွင် ကျီဟုန်ယီ ပြောခဲ့သည့် နောက်ဆုံး စကားတစ်ခွန်းကို ဟန်ခိုင် သတိရသွားမိလေ၏။

"မင်း အဲ့ဒီအတွက် ပြန်ပေးဆပ်ရမယ်...."

ယန်ဟန် ကြိုပြောထားတဲ့ နေ့ဟာ နောက်ဆုံးတော့ ရောက်လာပြီပေါ့...

ဟန်ခိုင် က ယန်ဟန် ၏ အိပ်မက်ထဲမှ ဇွန်ဘီဗိုင်းရပ်စ်ကို ထိုးသွင်းခဲ့သည့် လူလတ်ပိုင်း အရွယ်မှာ ကျီဟုန်ယီ ဖြစ်နိုင်သည်ဟု တွေးမိသွားရသည်။ သူကကျီကျောက်ယန် ကို သွယ်ဝိုက်၍ သတ်ရာရောက်ခဲ့သဖြင့် ကျီဟုန်ယီ က လွယ်လွယ်နှင့် အလွတ်ပေးမည် မဟုတ်ပေ။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now