ဇွန်ဘီမလေးယန်ဟန်

237 26 0
                                    

Chapter 21

ဟန်ခိုင် ဓာတ်ခွဲခန်းထဲတွင် တစ်နေ့လုံး စမ်းသပ်မှုများ ပြုလုပ်နေခဲ့၏။သူ ယန်ဟန်၏ ခန္ဓာကိုယ်ရှိ သာမန် သက်ရှိဆဲလ်များကို သန့်စင်ပေးပြီး ၎တို့ကို အဏုကြည့်မှန်ပြောင်းဖြင့် ရေတွက်လိုက်သည်။ဤသက်ရှိဆဲလ်များသည် R ဗိုင်းရပ်စ်၏ တိုက်ခိုက်မှုကို ခုခံနိုင်ရုံသာမက အဆက်မပြတ် ကြီးထွားပြန့်ပွားကာ ခွဲထွက်နိုင်သည်ကို သူ တွေ့ရှိခဲ့သည်။R ဗိုင်းရပ်စ်သည် ကပ်ပါးကောင်ဖြစ်ပြီး ဇီဝဖြစ်စဉ်နှင့် လိုက်လျောညီထွေဖြစ်စေရန် နှင့် မျိုးပွားရန် လက်ခံကောင်၏ ဆဲလ်များအပေါ်တွင် မှီခိုရမည်ဖြစ်သည်။

'ယန်ဟန်ရဲ့ ခန္ဓာကိုယ်ထဲမှာ ဒီလို သက်ရှိဆဲလ်တွေ အများကြီး ရှိရင်...သူမကိုယ္သူမ ကုစားနိုင်မယ်လို့ ဆိုလိုတာလား..'

ဟန်ခိုင် ၏ စမ်းသပ်မှုမှာ တိုးတက်မှုရှိခဲ့သော်လည်း ရက်အနည်းငယ်အတွင်းတွင် ပြန်လည်ရပ်တန့်သွားခဲ့သည်။ အကြောင်းမှာ R ဗိုင်းရပ်စ်က သက်ရှိဆဲလ်များကို အဘယ်ကြောင့် မတိုက်ခိုက်နိုင်မှန်း သူအဖြေရှာမရသောကြောင့် ဖြစ်သည်။

ရောဂါ၏ သေဘာတရားကို မသိလျှင် ရောဂါ အတွက် ကာကွယ်ဆေးကို လုံးဝ ရှာနိုင်မည် မဟုတ်ပေ။ထိရောက်သော ကာကွယ်ဆေးကို တီထွင်ရန်မှာ အိပ္မက္တစ္ခုသာ ဖြစ်နေပေလိမ့်မည်။

တစ်နေ့တွင် ကျီကျောက်ယန်သည် CDC အဆောက်အအုံ အတွင်းရှိ ကင်မရာကို မတော်တဆ မော့ကြည့်မိရာ ယန်ဟန်ကို စောင့်ကြည့်ကင်မရာများမှ တွေ့နိုင်သည်ဟု တွေးမိသွားသည်။

စောင့်ကြည့်ကင်မရာများကို ကျွန်းတစ်ခုလုံးတွင် တပ်ဆင်မထားသော်လည်း၊ ဤနည်းလမ်းသည် အခြားနည်းလမ်းနှင့် ယှဉ်လျှင် ပိုမိုကောင်းမွန်လေသည်။ ထို့နောက် ကျီကျောက်ယန် သည် တပ်မတော်ဌာန၏ ကင်မရာခန်းသို့ ပြေးသွားပြီး လီရှင်းယု ဇွန်ဘီဖြစ်လာသည့် မေလ ၁၇ ရက်နေ့က ဗီဒီယိုကို ရွာ၍ ကြည့်လိုက်သည်။

ထိုဗီဒီယိုထဲတွင် ဟန်ခိုင်ကို ပထမဆုံး မြင်လိုက်ရသည်။ "၅.၁၇ ဖြစ်စဉ်" ပြီးပြီးချင်း မကြာမီ ဟန်ခိုင်သည် CDC အဆောက်အဦးမှ အမြန် ထွက်လာလေသည်။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now