ဇွန်ဘီမလေးယန်ဟန်

169 19 0
                                    

Chapter 56

ကျိီဟုန်ယီ ရုံးခန်းတံခါးကို တွန်းဖွင့်လိုက်သည်နှင့် ဇွန်ဘီဖြစ်သွားသော ဟန်ခိုင် က သူ့ကို အန္တရာယ်ပြုမည် စိုး၍ တံခါးနှင့် တစ်မီတာခွဲခန့် အကွာတွင် ရပ်လိုက်ပြီး ရုံးခန်းထဲမှ အသံကို နားစွင့်နေလိုက်သည်။ အချိန်အတန်ကြာနားထောင်လိုက်ပြီး အထဲမွ အသံမကြားရ၍ တံခါးအနားသို့ ရဲရင့်စွာ ချဉ်းကပ်လိုက်သည်။

ကျီဟုန်ယီ သည် တံခါးကို ဆွဲဖွင့်မည်ပြုလိုက်ရာ အတင်းအားဖြင့် ဖ်က္ထားပုံရေသာ တံခါးသော့ကို တွေ့လိုက်ရလေသည်။

ဟန်ခိုင် ဇွန်ဘီဖြစ်လာပြီးနောက် ကြိုးကိုဖြည်ကာ တံခါးကို ဖျက်၍ ထွက်ပြေးသွားတာ မ်ားလား....

ထို့နောက် ကျီဟုန်ယီ သည် ရုံးခန်းထဲသို့ အသာအယာ လှမ်းဝင်လိုက်ရာ ကြမ်းပြင်ပေါ်တွင် ပြေကျနေသော ကြိုးကို တွေ့လိုက်ရသည်။ ဟန်ခိုင်က ဇွန်ဘီဖြစ်သွားပြီးနောက် ကြိုးကို ဖြတ်ပစ်မည်စိုး၍ အထူဆုံးနှင့် အခိုင်ခံ့ဆုံးကြိုးကို သူ အေသအခ်ာ ရွေးချယ်ခဲ့ခြင်း ဖြစ်လေသည်။ သူက အနီးအနားကို လျှောက်ကြည့်လိုက်ရာ ကြိုးနှင့် မနီးမဝေးတွင် ရေစိုကွက်တစ်ခုကို တွေ့လိုက်ရလေသည်။

'ဒီနားမွာ ဘယ္ကေရေတြေရာက္လာတာလဲ...'

ကျီဟုန်ယီ က ရေစိုကွက်ကို အနီးကပ်ငုံ့ကြည့်လိုက်ရာ ရေစိုကွက်၏ ဘေးစပ်ရေခြောက်နေသည့်နေရာများတွင် ဆားပွင့်အမှုန်လေးများကို တွေ့လိုက်ရလေသည်။

ပင်လယ်ရေတွေပါလား...

ကျီဟုန်ယီ သည် ကြမ်းပြင်ပေါ်ရှိ ရေများကို ယူရန် ပိုက်တစ်ချောင်းကို ရှာနေစဉ် စင်္ကြံမှ ခြေသံကြားလိုက်ရသည်။သူ တိုင်ကပ်နာရီကို လှမ်းကြည့်လိုက်ရာ ၇နာရီခွဲပြီ ဖြစ်၍ အတွင်းရေးမှုး လျူ ဖြစ်နိုင်လေသည်။ ထို့နောက် ကြိုးခွေကို အမြန်လုံးထွေးလိုက်ပြီး အံဆြဲထဲသို့ ထည့်ထားလိုက်သည်။

အတွင်းရေးမှူး လျူ သည် ဒါရိုက္တာ ကျီ ၏ ရုံးခန်းတံခါးတစ်ဝက် ပွင့်နေသည်ကို တွေ့သောအခါ စိုးရိမ်သွားမိသည်။ သူခိုးဝင်နေသည်ဟု ထင်မိပြီး တံခါးကိုအမြန်ဖွင့်ကာ အခန်းထဲသို့ ကြည့်လိုက်သည်။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now