ဇွန်ဘီမလေး ယန်ဟန်

148 12 0
                                    

Chapter 71

အိုး..

ယန်ဟန် သတိရသွားသည်။

ကျီကျောက်ယန် က ဇွန်ဘီအုပ်စုကြီးကို ကျွန်းသို့ခေါ်သွားသည်ဟု သူမအိပ်မက် မက်ခဲ့သည်။ ဟန်ခိုင် သည် ထိုအကြောင်းကို မြို့တော်ဝန်ထံ သွားပြောသော်လည်း မြို့တော်ဝန်က သူ့စကားကို နားမထောင်ခဲ့ပေ။ ဟန်ခိုင် က သူမသည် ဇွန်ဘီတစ်ယောက်ဖြစ်၍ ကိုယ်တိုင်ကိုယ်ကျ လိုက်လံရှင်းပြရန် မဖြစ်နိုင် ဟု ဆိုထားသည်။

ထို့အပြင် အဓိက ပြဿနာမှာ သူမသည် ကျွန်းပေါ်တွင် နေ၍မဖြစ်နိုင်ခြင်း ဖြစ်သည်။အကြောင်းမှာ  ကျီကျောက်ယန် သာ သူမကို တွေ့သွားပါက အပိုင်းပိုင်း ခုတ်ထစ်ပစ်မည် ဖြစ်သည်။ ထို့ကြောင့် ဟန်ခိုင် သည် သူမအတွက် ကျွန်းမှ ဘေးကင်းစွာ ထွက်သွားနိုင်ရန် စီစဉ်ပေးခဲ့ခြင်း ဖြစ်လေသည်။

ရာသီဥတုမှာ အလွန်အမင်း အေးလွန်းလှသဖြင့် သူမ လမ်းမလျှောက်နိုင်တော့ဘဲ ရေခဲပြင်ပေါ်တွင် အိပ်ပျော်သွားခဲ့ရသည်။ယခု သူမ နိုးလာသောအခါ အေးခဲနေသည့် ပင်လယ်ရေထဲတွင် ရောက်နေပြီး ယခင်က ဖြစ်ပျက်ခဲ့သည်များကို မမှတ်မိတော့ပေ။

ယန်ဟန် ရေကူးနေရင်း တွေးနေမိသည်။ သူမ အိပ်ပျော်သွားစဉ်က ပင်လယ်ရေသည် ရေခဲထုကြီးများဖြင့် ဖုံးလွှမ်းနေသေးသည်။ ယခုမူ ရေခဲများ မှာ အရည်ပျော်သွားပြီ ဖြစ်သည်။ နွေဦးရာသီ အစအထိ ရေခဲပြင်ဟာ အရည်ပျော်မှာ မဟုတ်ဘူး ဟု ဟန်ခိုင် က ပြောခဲ့ဖူးသည်။ သူမသည် ဇန်န၀ါရီလ အစောပိုင်းတွင် ကျွန်းမှ ထွက်လာခဲ့သဖြင့် အနည်းဆုံး သူမ တစ်လခန့်ကြာ ပင်လယ်ထဲတွင် ရှိနေခြင်း ဖြစ်လေသည်။

ရေကူးနေစဉ် ယန်ဟန်၏ ဗိုက်သည် ရုတ်တရက် တဂွီဂွီမြည်လာပြီး ဆာလောင်မှုကြီးမှာ ဦးနှောက်ထဲအထိပါ ခံစားနေရတော့သည်။ သူမဗိုက်ဆာလာသည်နှင့်တစ်ပြိုင်နက် ယန်ဟန် ၏ ရေကူးနေသော အရှိန်သည် တဖြည်းဖြည်း နှေးကွေးလာသည်။

ယန်ဟန် နေ့တစ်ဝက်ခန့် ပြင်းပြင်းထန်ထန် ရေကူးခဲ့ပြီး နောက်ဆုံးတွင် ကျွန်းဧရိယာသို့ ရောက်ရှိလာလေသည်။ ထို့နောက် ရေစိုကြီးဖြင့် တက်လာပြီး ဆောက်လုပ်ရေး ဧရိယာဆီသို့ လျှောက်သွားသည်။ ပင်လယ်လေညင်းသည် လှိုင်းလုံးကြီးများကဲ့သို့ တိုးဝှေ့တိုက်ခတ်နေသဖြင့် သူမမှာ စက်ရုပ်ကဲ့သို့ ခပ်တောင့်တောင့် လျှောက်လှမ်းလာရသည်။ သူမသည် အေးနေပြီး ဗိုက်ဆာနေသဖြင့် ရှော့ပင်းမောလ်တစ်ခုတွင် စားရန်တစ်ခုခုရှာပြီးနောက် အဝတ်အစားလဲမည်ဟု စိတ်ကူးပြီး လမ်းကို ခပ်မြန်မြန် လျှောက်နေလေ၏။

ဇွန်ဘီမလေး ယန်ဟန်Where stories live. Discover now